Sunday, December 2, 2018

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရွှေစင်ရွှေပြားထုတ်လုပ်ရေးစက်ရုံ အဆောက် အဦတည်ဆောက်ပြီးစီးမှုနှင့် ဆေးဝါး စက်ရုံ(အင်းစိန်)၊စက်မှုထုတ်ကုန်ပစ္စည်းပြခန်း မွမ်းမံပြင်ဆင်မှုတို့အား ကြည့်ရှုစစ်ဆေး


ရန်ကုန် ဒီဇင်ဘာ ၂
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဒီဇင်ဘာ ၁ ရက် နံနက် တွင် ရွှေတိဂုံ စေတီတော် တောင်ဘက် မုခ်အနီး အောက်ပစ္စယံ၌ ဆောက်လုပ်လျက် ရှိသော ရွှေစင်ရွှေပြားများ ထုတ်လုပ်ရေး စက်ရုံ အဆောက်အဦဆောက်လုပ် ပြီးစီးမှု အား ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး
သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အညီ စက်ကိရိယာများ တပ်ဆင်ရေး၊ လုံခြုံရေး စနစ်များ စနစ်တကျတပ်ဆင်ရေး၊ ရွှေစင်ရွှေပြားကြိတ်စက်များ ရောက်ရှိလာ တော့ မည်ဖြစ်၍ ထိခိုက်မှုမရှိဘဲတပ်ဆင် နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် လုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်ရေး၊ ရေးဆွဲထားသော ဒီဇိုင်း များအတိုင်းခေတ်မီနည်း ပညာများအတိုင်း တည်ဆောက်ရေး၊ လုံခြုံစိတ်ချသော အစီအမံများထားရှိရေး၊ ဘေး အန္တရာယ်ကင်းရှင်းစွာစီမံဆောင်ရွက်ရေး၊ စက်ရုံအတွက်လိုအပ်သော စက်ပစ္စည်း များနှင့် ဆက်စပ် ပစ္စည်းများ စနစ်တကျ တပ်ဆင်ရေး၊ စံချိန်စံညွှန်းနှင့်ကိုက်ညီသော ရွှေစင်ပြားများရရှိရေးကို စနစ်တကျ မှတ်တမ်းထားရှိ၍ ကပ်လှူပူဇော်မည့် နေရာများ ကို ခေတ်မီနည်းပညာများဖြင့် ထိန်းချုပ်မှတ်တမ်းထားရှိရေး တို့အား ဆွေးနွေးမှာကြား သည်။
ရွှေစင်ရွှေပြားသင်္ကန်းတော်များကို ဥတုမရွေးတာရှည်တည်တံ့ ခိုင်မြဲစေရန်အဆင်မြင့် နည်းပညာများကိုအသုံးပြု၍ ရွှေစင်ရွှေပြား စက်ရုံငယ်တစ်ခုကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး အောက်ပစ္စယံတွင် လုံခြုံစိတ်ချစွာ စနစ်တကျ တည်ဆောက်၍ ခေတ်မီနည်းစနစ်စက်ကိရိယာများအသုံးပြုကာတာရှည်ခိုင်မြဲတည်တံ့သည့် ရွှေစင် ပြားများကို မကြာမီကပ်လှူပူဇော်နိုင်တော့မည် ဖြစ်သည်။
ရွှေစင်ပြားထုတ်လုပ်သည့် ကြိတ်စက်များအား စက်မှုဝန်ကြီးဌာနက ခေတ်မီနည်း ပညာများဖြင့် ပြည်တွင်း၌ ဒီဇိုင်းရေးဆွဲ၍ ထုတ်လုပ်ခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်) သို့ရောက်ရှိလာပြီး ဆေးဝါးသုံး ပလတ်စတစ် ဆေးဘူးခွံများ အား နိုင်ငံတကာအဆင့်မီ ဆေးဘူး ဒီဇိုင်း အသစ်များဖြင့်ထုတ်လုပ်ဆောင်ရွက်နေမှု၊ ဆေးဝါးအတုအပ လုံခြုံမှုအတွက် BPI အသားတံဆိပ်များ ထည့်သွင်းရိုက်နှိပ်ထားမှု၊ Safety Ring များတပ်ဆင်ထားမှု၊ ဆေးဘူးများ ထုတ်လုပ်သည့်အခန်းအား GMP နှင့်အညီတည်ဆောက် ထုတ်လုပ်နေ မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စက်ရုံပုံနှိပ်ဌာနတွင် စား သုံးသူ ရေးရာဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီမြန်မာစာသားများ ပါဝင်သည့် ဆေးဝါးတံဆိပ်အသစ်များအား ရိုက်နှိပ်နေမှုကို ကြည့်ရှု စစ်ဆေး၍ ဆေးဝါးတံဆိပ် အသစ်များအား ဒီဇိုင်းဆန်းသစ်လှပ၍ဆွဲဆောင်မှုရှိစေရန်မှာကြားသည်။
ထို့နောက် စက်ရုံရှိ BPI ဆေးဝါးတံဆိပ်နှင့် ထုပ်ပိုးဘူးခွံများအား ခေတ်မီစက်များဖြင့် ဆောင်ရွက် နေမှုအခြေအနေများ၊ ဆေးဝါး ဘူးခွံများအား ပိုမိုလှပသေသပ်ရန် UV Coating ဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ ဆေးဝါးတံဆိပ်၊ ဒီဇိုင်းများအား နိုင်ငံတကာအဆင့်နှင့်အညီ ကောင်းမွန်စွာ ဆောင်ရွက်ရန်မှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု ဝန်ကြီးဌာန၊ ထုတ်ကုန်များအများပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရေး ခင်းကျင်း ရောင်းချရန်ပြခန်းအား မွမ်းမံ ပြင်ဆင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဒီဇိုင်းနှင့်အညီ မွမ်းမံပြင်ဆင်ရေး၊ အမြန်ဆုံး ဖွင့်လှစ်သွားနိုင်ရေး မှာကြား ပြီး အရောင်းပြခန်းတွင် စက်မှုထုတ်ကုန် ပစ္စည်းများ ရောင်းချနေမှုကို အားပေး ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့တွင် သန်လျင်ရှိ စက္ကူထုပ်ပိုးစက်ရုံနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြတ်မိဘ ကုမ္ပဏီသို့ရောက်ရှိပြီး စက်ရုံရှိ လစ် လပ်နေသော မြေနေရာများအား နိုင်ငံတော်အတွက် အကျိုးရှိစွာအသုံးချရေး၊ အသုံး မချနိုင်သော မြေများကို အများပြည်သူအကျိုးရှိစေမည့် လုပ်ငန်းများဆောင်ရွက်ရန် အတွက် စာချုပ်စာတမ်းအရတရားဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းရယူ၍ နိုင်ငံတော်အတွက် အကျိုးရှိစေမည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြင်ပမှကျူးကျော်မှု မရှိစေရေးတို့အား မှာကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment