Saturday, December 1, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မလေးရှားနိုင်ငံရှိ ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ နှင့်တွေ့ဆုံ


နေပြည်တော် ဒီဇင်ဘာ ၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Le Meridien ဟိုတယ်၌ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ စီစဉ်ပေးမှုဖြင့် ချင်း တိုင်းရင်းသား လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံတွင် တရားမ ဝင်ရောက်ရှိ လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား တိုင်းရင်းသားအလုပ်သမားများနှင့် မိသားစု ဝင်များကို မလေးရှားနိုင်ငံ၏ ဥပဒေအရ အရေးယူခြင်း မခံရရေး၊ မိမိနိုင်ငံသို့ ပြန်လာလိုသူ မြန်မာနိုင်ငံသားများအနေဖြင့် သံအမတ်ကြီးနှင့် အလုပ်သမား သံအရာရှိများကို တိုက်ရိုက်ဆက် သွယ်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မိမိနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်လာနိုင်ရေးကို အစဉ်လက်ကမ်း ကြိုဆိုလျက်ရှိကြောင်း၊ ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များမှတစ်ဆင့် တရားဝင်သွားရောက် လုပ်ကိုင်ရန်လိုကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနရှိ အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့ရေး ဗဟိုဌာန များတွင် ပွဲစားများ၏ လှည့်စားမှု မခံရရေးအတွက် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ခေတ်စနစ် နှင့်အညီ ပြောင်းလဲတိုးတက်မှုများကို သိရှိပြီး ရွှေ့ပြောင်းသွားလာမှုများကို ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment