ရန်ကုန်
ဒီဇင်ဘာ ၂
၂၀၁၈ ခုနှစ် (၉၈)နှစ်မြောက် အမျိုးသား
အောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)ရှိ
ဦးဘလွင် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)မှ
ကျောင်းသား ကျောင်း သူများက “ပြည်မြန်မာ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဝင်းမြင့်
ထံမှ ပေးပို့သော (၉၈)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ကို ဖတ်ကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ မျိုးသိမ်းကြီး က အမှာစကားပြော ကြားရာတွင် (၉၈)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ
အထိမ်း အမှတ်ကျင်းပရခြင်းသည် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည့်အတိုင်း ၁၉၂၀
ပြည့်နှစ်တွင် ယူနီဗာစီတီအက်ဥပဒေကို မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်သန်သည့် တက္ကသိုလ်
ကျောင်းသား ကျောင်းသူများက ယူနီဗာစီတီအက်ဥပဒေ တွင်ပါ သည့် နိုင်ငံသူနိုင်ငံသားများ၊
တိုင်းရင်းသား တိုင်းရင်းသူ များ၏ တက္ကသိုလ်ပညာ လွတ်လပ်စွာ သင်ယူခွင့်ကို ကန့်သတ်ထား
သည့် အတွက် တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ၏ ဦးဆောင်မှုဖြင့် ယူနီဗာစီတီအက်ဥပဒေကို
သပိတ် မှောက်ခဲ့ကြပါ ကြောင်း၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်နေ့ သည် ယူနီဗာ စီတီအက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသား ကျောင်းသူ များက
သပိတ် မှောက်သည့်နေ့၊ အမျိုးသားရေး စိတ် ဓာတ်ဖြင့် အောင်ပွဲရရှိစေရန် ဦးတည်ခဲ့သည့်
နေ့ဖြစ်သည့်အတွက် ၁၉၂၁ ခုနှစ် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် န၀မအကြိမ် ဂျီစီဘီ အေ
ကွန်ဖရင့်က အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ် ရေး ရပြီးသည့် နောက်တွင်လည်း
အမျိုးသားရေးစိတ်ဓာတ် နိုးကြား တက် ကြွ စွာဖြင့် လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြခြင်းကို
ဂုဏ်ပြု ခြင်း အားဖြင့် နှစ်စဉ် ကျင်းပခဲ့ပါကြောင်းဖြင့် ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်
ပညာရေးကို ကြည့်ပါက ရန်ကုန် တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး တက္ကသိုလ်ဖြစ်ပါကြောင်း၊
တက္ကသိုလ်၏ သမိုင်းကြောင်းကိုကြည့် ပါက ၁၈၇၈ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်၏ လက် အောက်ခံ
အနေဖြင့် စတင်ခဲ့ပြီး တက္ကသိုလ်ပညာရပ်များကို သင်ကြားပို့ချခဲ့ပါကြောင်း၊ တက္ကသိုလ်၏
သမိုင်းကြောင်း သင်ခန်းစာများရယူပြီး ကျောင်းသား ကျောင်းသူလူငယ် မောင်မယ် များကို ၂၁
ရာစုတွင် လိုအပ်သော အပြန် အလှန်နားလည်မှု၊ လေးစားမှု၊ ကူညီဖြည့် ဆည်း၍ ဖြေရှင်းဆောင်ရွက်
တတ်ရန်၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်း ဆောင် ရွက်တတ်ရန်၊ တာဝန်ယူ တာဝန်ခံ၍ ပြည်သူများ၊
နိုင်ငံ တော်နှင့် ကမ္ဘာကြီး၏ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် တာဝန် ကျေပွန်စွာ အကောင်းဆုံး
တီထွင်ကြံဆ လုပ်ဆောင် တတ်ရန် သင်ကြား သင်ယူ လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုအခါသည်
ပြည် ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းရေးရရှိ စေရန် တိုင်းရင်းသားများ အားလုံးနှင့်
ပြည်သူ အားလုံး စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ကြသည့် ၂၁ ရာစုပင်လုံ ညီလာခံသည် မြန်မာနိုင်ငံ၏
အရေးကြီးသည့် လုပ်ငန်းဖြစ် သည့်အတွက် အမျိုးသား နေ့၏ ဦးတည် ချက်နှင့်အညီ တိုင်းရင်းသားအားလုံး
ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စု ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ကြရန်နှင့်
အမျိုး သား အောင်ပွဲနေ့ အနေဖြင့် ၂၁ ရာစု မှတ်တမ်းတင် ကျန် ရစ်နိုင်ရန် ၂၁ ရာစုပင်လုံ
ညီလာခံ ကို အောင် မြင်စေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ
ပြည်ထောင် စုကြီး ငြိမ်းချမ်းလာသည်နှင့်အမျှ တိုင်းရင်းသားအားလုံးအတွက် ညီညွတ် မျှတသည့်
ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အရင်းခံပြီး ကြိုးပမ်း ဆောင်ရွက်
နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ၂၁ ရာစုနှင့် လိုက်လျော ညီထွေ ဖြစ်သော အမျိုးသား
နေ့ အောင်ပွဲများ ဆီသို့ လျောက်လှမ်းနိုင်ရေး အားလုံးအတူပူးပေါင်းပါဝင်ဆောင်ရွက် ကြ
စေလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ မျိုးသိမ်း ကြီးက ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲတွင် အ.ထ.က (၂)ဒဂုံမှ ၆
ဘာသာ ဂုဏ်ထူးရ ရှိသူ နှစ်ဦးအားလည်းကောင်း၊ ဆရာ ကြီး ဦးဘလွင်၏သမီး ဒေါ်စုစုလွင်က အ.ထ.က(၂)ဒဂုံမှ
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြ သူများအနက် အမှတ်အများဆုံး
ရရှိသူ တစ်ဦးအား ဦးဘလွင် ပညာသင်ဆုကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ
ဦးတင်မောင် ထွန်းနှင့် တာဝန်ရှိ သူများက (၉၈)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်
အထက် တန်းဆင့် နှင့် အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြု
ဆုများပေး အပ်ချီးမြှင့်ကြပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က အ.ထ.က
(၂)ဒဂုံမှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ
အောင် မြင်ခဲ့ကြ သူများ အနက် အမှတ်အများဆုံးရရှိသူ တစ်ဦးအား ဗုဒ္ဓဂယာ ဘုရားဖူးလက်မှတ်အား
ချီးမြှင့် ခဲ့သည်။
ယင်းနောက် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း(ဒဂုံ)မှ
ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment