Saturday, December 1, 2018

တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးဈေးရာင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ


 
ရန်ကုန် နိုဝင်ဘာ ၃၀

(၂၁)ရာစုပင်လုံညီလာခံကို ထောက်ခံဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နိုးကြားစေရန် ရည်ရွယ်၍ တိုင်းရင်း သားလူမျိုးပေါင်းစုံမှ ရိုးရာအစားအစာနှင့် အသုံးအဆောင်ပစ္စည်းများ တစ်နေရာတည်း တွင် စုစည်းရရှိမည့် ငြိမ်းချမ်းရေးဈေးရောင်း ပွဲတော်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြကျွန်းသာရှေ့ရင်ပြင် (ဆီဒိုးနားဟိုတယ် အရှေ့)တွင် ကျင်းပကြောင်း သိရသည်။


“ဒီပွဲတော်ကျင်းပရတဲ့အဓိက ရည်ရွယ် ချက်ကတော့ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ရေးနဲ့ ပင်လုံညီလာခံကြီးအောင် အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်းပြီးမြောက် ပြီးတော့ တကယ့်ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကြီးပြည့်ဝရေးက ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ပါ။ ဒီအတွက်လည်းလူထု ကြိုဆိုထောက်ခံရေး တောက်လျှောက်လုပ်ခဲ့ တာပါ” ဟု (၂၁)ရာစုပင်လုံညီလာခံလူထု ထောက်ခံပွဲကျင်းပရေးကော်မတီ ဒုတိယ တာဝန်ခံဦးရဲဝေဖြိုးက ပြောသည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများ အပါအဝင် ကမန်၊ ကဒူးကနန်း၊ အင်းသား၊ ပလောင်၊ ဓနု၊ ပအိုဝ်း စသည့်တိုင်းရင်းသား မျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားလူမျိုး ၃၀ ခန့်မှ ပါဝင်ရောင်းချခြင်းဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်း ၁၄၀ ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ရခိုင်တိုင်းရင်းသား မျိုးနွယ်စုမှာပါတဲ့ ကမန်မျိုးနွယ်စုပါ။ ဒီဘက်မှာ ကျွန်တော်တို့ကို သိပ်မသိကြဘူး။ ဒီပွဲမှာ ကျွန်တော်တို့ ရိုးရာအစားအစာတွေကို ဖော်ထုတ်ချင်တာလည်းပါတယ်။ ကျွန်တော် တို့ကို သိစေချင်တာလည်းပါတယ်။ ဒီပွဲမှာ ပါဝင်ရောင်းချရတဲ့အတွက် ပီတိဖြစ်ပါတယ်။ ပြည်သူတွေဒီပွဲတော်လာရင် ကောင်းပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးပွဲတော်ကို ထောက်ခံသလိုဖြစ်ပါ တယ်။ ပြည်သူတွေပါဝင်မှ ငြိမ်းချမ်းရေး အဓွန့်ရှည်မှာပါ”ဟု ရခိုင် မျိုးနွယ်စုကမန်တိုင်းရင်းသား ကိုရန်နိုင်စိုးက ပြောသည်။

အဆိုပါပွဲသို့ လာရောက်ကြည့်ရှုသည့် ဒေါ်ပန်းသီက “ဒီပွဲတော်ကို ကျွန်မတို့လိုပဲ အားလုံးကို လာစေချင်တယ်။ တစ်နေရာတည်း မှာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို လည်း တွေ့ရတယ်။ မစားဖူးတဲ့ တိုင်းရင်းသား အစားအစာတွေလည်းစားရတယ်။ တကယ်ကို ပျော်ရွှင်စရာ ကောင်းပြီး စိတ်အပန်းပြေတယ်။ ဗဟုသုတလည်းရတယ်။ တိုင်းရင်းသားတွေ အကုန်လုံး ဖော်ဖော်ရွေရွေနဲ့ မြင်ရတွေ့ရ တော့ ဝမ်းသာပီတိဖြစ်မိပါတယ်”ဟု ပြောသည်။

အဆိုပါပွဲတော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဖျော်ဖြေပွဲများနှင့် အလှအကများ ပါဝင်ပြီး ပွဲတော်ကို နိုင်ဝင်ဘာ ၃၀ ရက်မှအမျိုးသားအောင်ပွဲနေ့ဖြစ်သည့် ဒီဇင်ဘာ ၂ ရက်အထိမွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ

ဇာနည်မောင်

No comments:

Post a Comment