Saturday, December 1, 2018

ဒို့ကျေးရွာဂျာနယ် အတွဲ(၁၅)၊ အမှတ်(၂၃) ထုတ်ဝေဖြန့်ချိ


 
နေပြည်တော် နိုဝင်ဘာ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေလျက် ရှိသည့် ဒို့ကျေးရွာဂျာနယ်ကို အသွင်သဏ္ဌာန် အနှစ်သာရ ပြောင်းလဲကာ ရောင်စုံစာမျက်နှာများဖြင့် ဝေဝေဆာဆာ ထုတ်ဝေဖြန့်ချိလျက်ရှိရာ အတွဲ(၁၅)၊ အမှတ်(၂၃)ကို ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။


၁-၁၂-၂၀၁၈ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၅)၊ အမှတ်(၂၃)တွင် ဆောင်းသီးနှံအထွက်တိုးရေး စိုက်ပျိုးချိန်နှင့် အစိုဓာတ်၏ အရေးပါမှု၊ မတ်ပဲအစားထိုး နေရာ စိုက်ပျိုးသင့်တာ ဆီထွက်နေကြာ စသည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းနှင့် ဆောင်းပါးများ၊ ငါးမွေးမြူရေးလုပ်ငန်းအတွက် စရိတ်ကုန်ကျမှုသက်သာ သော အစာစိမ်း(ဗေဒါ)ပြုလုပ်ခြင်း၊ ကြက်နှင့် ဝက် မွေးမြူရေးလုပ်ငန်းများတွင်ပဋိဇီဝဆေးများကို လွဲမှားစွာ အသုံးပြုလျက်ရှိ စသည့် မွေးမြူရေးဆိုင်ရာသတင်းနှင့် ဆောင်းပါးများ၊ ဆရာကြီးလယ်တွင်းသားစောချစ်၏ ဒုတိယအရွယ် အခန်းဆက်ဝတ္ထု ရှည်၊ ဆင်ကြီးနဲ့ ပုရွက်ဆိတ်များ ပုံပြင်၊ အိမ်ထောင်မပြုမီ HIV/AIDS ရောဂါကို သတိထားစေချင်၊ အပူကြောင့် ဖြစ်သော နားအူနားကိုက်ရောဂါ သက်သာစေရန်၊ ကျန်းမာရေးဗဟုသုတနည်းပါးခဲ့၍ စသည့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဈေးကွက်သေချာမှုရှိပြီး နည်းပညာအထောက်အ ပံ့များရရှိသည့် အကျိုးတူ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ကိုင်သူများ၏ စကားသံများ၊ ရေနက်ကွင်း စိုက်ပျိုးမွေးမြူရေး (ငါးစပါး၊ သဘာဝငါး)လုပ်ငန်းအကြောင်း စသည့် အင်တာဗျူး၊ ဖန်တီးမှုအသစ်များဖြင့် ဈေးကွက်ရရှိလာသော ယွန်းထည်ပစ္စည်းများ၊ မြန်မာ့ရေ ထွက်ကုန်ပစ္စည်းများ ကိုရီးယားသို့ တင်ပို့ခွင့်ရရှိ စသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများ၊ ဒို့ကျေးရွာပေး စာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်းမျက် မှောက်ရေးရာသတင်းများ၊ အင်တာဗျူး၊ ကျေးလက်ရသ ကဗျာ၊ ကာတွန်း၊ ဟာသ၊ အနုပညာကဏ္ဍ၊ အားကစား၊ ဗေဒင်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိုးလေ၀သခန့်မှန်းချက် စသည့် ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို သုတရသစုံလင်စွာဖြင့် ဖတ်ရှုရမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment