မင်းဘူး
နိုဝင်ဘာ ၃၀
မန်းရေနံမြေဒေသခံများနှင့်
လုပ်ငန်းလုပ်ကိုင်ရာကုမ္ပဏီ အကြား ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက် ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍
MPRL E&P ကုမ္ပဏီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အကြံပြုဆွေးနွေးခြင်း ကဏ္ဍမြှင့်တင်ရေးအစီအစဉ်ကို
အောက်တိုဘာ ၃၀ ရက် တွင် မန်းရေနံမြေ၌ စတင်ခဲ့သည်။
MPRL
E&P သည် လုပ်ငန်းဆောင်ရွက်ရာဒေသရှိ ဒေသခံများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ
များပါဝင်သည့် CSR လုပ်ငန်းများ အကောင်အထည်ဖော် ရာတွင် ဒေသခံများနှင့် နားလည်ယုံကြည်မှု
အပြန်အလှန် တည်ဆောက်နိုင်မည့် လမ်းကြောင်းတစ်ခုအဖြစ် အကြံပြု ဆွေးနွေးခြင်းလုပ်ငန်းစဉ်ကို
၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ် တွင် အကြံပြုဆွေးနွေးခြင်းကဏ္ဍမြှင့်တင်ရေး
အစီအစဉ်ကို “တို့ကျေးရွာ၊ တို့မိသားစု စုပေါင်းဆွေးနွေးအကြံပြု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ
လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကျေးရွာလူထုပိုမိုသိရှိနားလည်စေရန် ရွေ့လျားကာတွန်း အနုပညာပြခန်းဖွင့်လှစ်၍
ကျေးရွာအလိုက် ရှင်းလင်းပြသ ခဲ့သည်။
အဆိုပါ
ရွေ့လျားကာတွန်း အနုပညာပြခန်းကိုမန်းရေနံမြေနှင့် ထိစပ်ကျေးရွာများ၊ မန်းရေနံမြေရှိ
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးနှင့် မန်းရေနံမြေရှိ MPRL E&P (မန်းရေနံမြေ)ရုံးတို့တွင်
လှည့်လည်ပြသပြီးအသိပညာဖြန့်ဝေခဲ့ရာ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ အဆိုပါပြခန်းသို့
လာရောက် လေ့လာကြည့်ရှုသည့် ဒေသခံနှင့် ဝန်ထမ်း စုစုပေါင်း ၁၈၇၂ ဦးရှိပြီး MPRL
E&P ၏ မန်းရေနံမြေ တာဝန်ခံ CSR ဝန်ထမ်းများက အကြံပြုဆွေးနွေးခြင်း လုပ်ငန်းစဉ်နှင့်
ပတ်သက်၍ ဒေသခံများသိရှိလိုသည့် အသေးစိတ်အချက် အလက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အသိပညာပေးလှုပ်ရှားမှု
အစီအစဉ်တွင် လာရောက် လေ့လာကြသည့် ဒေသခံမိသားစုများ၏ ကလေးငယ်များ အား မျက်နှာတွင် အရုပ်ပန်းချီရေးဆွဲသည့်
အစီအစဉ်ပါဝင် ခဲ့ပြီး ရွေ့လျားအနုပညာပြခန်းကို ကလေးငယ်များကပါ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
အကြံပြုဆွေးနွေးခြင်းကဏ္ဍမြှင့်တင်ရေးလှုပ်ရှားမှုကို
ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် တစ်ကြိမ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်
တစ်ကြိမ် MPRL E&P က စီစဉ်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ် တွင် တတိယအကြိမ်မြောက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment