Tuesday, December 4, 2018

(၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၎
(၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ Horizon Lake View Resort ၌ ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရဲအရာရှိကြီးများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC) မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Mr. An Guojun နှင့်ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၄  ဦး တက်ရောက်ခဲ့သည်။
ယင်းနောက် အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သောအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင် (NNCC) မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Mr. An Guojun နှင့် ကိုယ်စားလှယ်အဖွဲ့တို့က မြန်မာ-တရုတ် နှစ်နိုင်ငံ လက်ရှိမူးယစ်ဆေးဝါး ပြဿနာများ အခြေအနေ၊ (၁၅) ကြိမ်မြောက် မြန်မာ - တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် အကောင်းအထည်ဖော် ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် နယ်စပ်ဆက်ဆံရေးရုံးများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပရီကာဆာ ဓာတုပစ္စည်းများ ပူးပေါင်းထိန်းချုပ်ရေးနှင့် အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေနေများ ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment