နေပြည်တော် ဒီဇင်ဘာ
၎
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ သည် ယနေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး
H.E. Mrs. DorotheeJanetzke Wenzel အားပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြားစိုက်ပျိုးရေးကဏ္ဍ၊
မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍများတွင် ရေရှည်ပူးပေါင်းဆောင်ရွက်
ရန်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(GIZ)
တို့ပူးပေါင်း ဆောင်ရွက်သည့် SAFI စီမံကိန်း ၂၀၁၇-၂၀၂၁ အထိအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊
ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန(BMZ)တို့
ဆောင်ရွက်နေသည့် မြန်မာနိုင်ငံတွင် ရေရှည် တည်တံ့သော ငါးမွေးမြူရေး အစီအစဉ်(MYSAP)
စီမံကိန်း ၂၀၁၆-၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW)တို့ပူးပေါင်း၍ ကျေးလက်ဒေသ မီးလင်းရေး
စီမံကိန်း ၂၀၁၇-၂၀၂၀ ခုနှစ်အထိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ GIZနှင့် ဆောင်ရွက်မည့်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးလက် မီးလင်းရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်
KfWနှင့် ဆောင်ရွက်မည့် ရိတ်သိမ်းချိန်လွန် ကောက်ပဲသီးနှံများ လေလွင့်ဆုံးရှုံးမှု ပပျောက်ရေး
စီမံကိန်းဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်များ၊ ဘာလင်မြို့တွင် ကျင်းပမည့် ၁၁ ကြိမ်မြောက်
Berlin Agriculture Minister’s Conference တွင် တက်ရောက်ဆွေးနွေးရန် ကိစ္စရပ်များအား
ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment