Saturday, December 1, 2018

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမာန်အောင်မြို့တွင်လူမှုကာကွယ်စောင့်ရှောက်ရေး အတွက် ထောက်ပံ့ခြင်း နှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ များလွှဲပြောင်းပေးအပ်


 
မာန်အောင် နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူမှုကာ ကွယ်စောင့်ရှောက်ရေး အတွက် ထောက်ပံ့ ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ (cyclone Shelter) များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ ယနေ့ နံနက်ပိုင်းကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရသော ကြောင့် လိုအပ်ချက်များရှိ နေသေးသည်ကိုသိရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံကျသော လျှပ်စစ်မီး ရရှိရေးနှင့် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ဆောင်ရွက်မှုများကို ပြည်သူများလက်တွေ့ သိရှိခံစားနေကြပြီဖြစ်ကြောင်း၊ မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်အချိန်မှစ၍ သက်ကြီး ရွယ်အိုအထိ လူမှုကာကွယ်စောင့် ရှောက်ခြင်းလုပ်ငန်းများဖြင့် တစ်ဦးချင်းရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ လူ ကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သောဘေးများအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအပြင် ဘေးကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု မာန်အောင်မြို့နယ်တွင်လည်း ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦများဆောက်လုပ် ပေးခြင်းသည် သဘာဝဘေး ကျရောက်နိုင်ခြေရှိသော ဤဒေသရှိ ပြည်သူများစိတ်ဓာတ် လုံခြုံမှုရရှိစေပြီးဘေးဒဏ်ဖြစ် ပွားမှုမရှိချိန်တွင် စာသင်ကျောင်း၊ မူလတန်းကြို ကျောင်း၊ လူငယ်စင်တာ၊ စာကြည့်တိုက် စသည်ဖြင့် လူထုအခြေပြုလုပ်ငန်းများဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ၏လိုအပ်များကိုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှမော်ဦး က တိုင်းရင်းသား လူမျိုးများနှင့်ပတ်သက်၍ဝန်ကြီးဌာနကဆောင်ရွက်နေသည့် ကိစ္စများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကအမျိုးသားသဘာ ဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ထား သောဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter) များနှင့် သက်ဆိုင်သောစာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်း သာကလက်ခံရယူသည်။

ဆက်လက်၍ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေး အပ်ခြင်း၊ ကလေးငယ်များအာဟာရအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် မသန်းစွမ်း များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း နှင့် ကလေးငယ်များကိုအာဟာရမုန့်နှင့် ကစားစရာအရုပ်များပေး အပ်ခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ ယနေ့ ထောက်ပံ့ငွေစုစုပေါင်းကျပ် ၄၅၅၈၈၁၀၀ ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာန်အောင်မြို့ရှိ ချမ်းမြေ့သစ္စာဓမ္မ ဘိုးဘွားရိပ်သာဆောက် လုပ်ရာသို့ သွားရောက်ခဲ့၍ ဘိုးဘွားများအတွက် ယခင်က အသက်(၉၀)နှစ်နှင့် အထက်ကိုသာထောက်ပံ့ ပေးခဲ့သော်လည်း ယခုအခါ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှစ၍အသက်(၈၅)နှစ်နှင့်အထက် ထောက်ပံ့ပေး နေပြီဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေး နွေးခဲ့ပြီးရိပ်သာအတွက် ထောက် ပံ့ငွေများပေးအပ်သည်။

ထို့နောက် မာန်အောင်မြို့၊ ကမ်းနားရပ်ကွက်ရှိအသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအိမ်သို့ လူမှုရေး ပင်စင်များကို လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment