Monday, December 3, 2018

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်​ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ




 ရန်ကုန် ဒီဇင်ဘာ ၂
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ် ငန်း ကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန် မြို့ မြို့မကျောင်းလမ်းရှိ အမျိုး သားဇာတ်ရုံ၌ ကျင်းပရာ
ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ၀န်ကြီး ဦးကြည်မင်းက အမှာစကား ပြောကြား သည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထွန်းအုံက အောင်ဆန်း ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ဦးလူမင်းက ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအ နေများကို လည်းကောင်း၊ ဒါရိုက်တာ ပန်းချီစိုးမိုးက မိတ်ကပ်၊ ဇာတ်ကောင် ရွေးချယ်မှု၊ ရုပ်ရှင်ရိုက်ကူးမှု အပိုင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဇာတ်ညွှန်း၊သမိုင်းအထောက်အထား၊ ဇာတ် ကောင်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ သမိုင်းပညာရှင်များ ရုပ်ရှင် အတတ်ပညာရှင်များ၊ ဒီဇိုင်နာ များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ကဏ္ဍ အလိုက်ဆွေးနွေးတင်ပြကြရာ တွဲဖက်အတွင်းရေးမှူး(၂) ဦးလူမင်း က ပြန်လည် ရှင်းလင်း ပြောကြားသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment