Friday, November 30, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၃၀

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်  ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားသည်။

ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဥာဏ်လင်း၏ ရွှေပြည်သာမြို့ နယ်ရှိ လှော်ကား-၀ါးတရာလမ်းမကြီး၏ လှော်ကားအောက်လမ်းဆုံမှ ၀ါးတရာမြစ်ကမ်း အထိ လမ်းအပိုင်း (၁၃၄၅) ပေခန့်သည် ကားများပြေးဆွဲ မရနိုင်လောက်အောင် ဆိုးရွားစွာ ပျက်စီးနေသဖြင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်အတွင်းအမြန်ဆုံးပြုပြင်၍ YBS ခရီးသည် တင် Bus ကားများကို ၀ါးတရာမှ စတင်၍ ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ၀န်ကြီးက လှော်ကား-၀ါးတရာလမ်းမကြီး၏ ကျန်ရှိသည့် လမ်းအပိုင်းအား ဆက်လက် ပြင်ဆင် ဆောင်ရွက်နိုင်ရန်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်စီမံကိန်း ထပ်တိုးလျာထား ချက်တွင် ထည့်သွင်းလျာထား တင်ပြခဲ့သော်လည်း ဘဏ္ဍာငွေ လုံလောက်မှုမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သီရိရတနာလမ်း သိမ်ချောင်း ချောင်အထိ ပေ ၆၉၀၀ကိုလည်းကောင်း၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  သိမ်ချောင်းချောင်မှ တော်ဝင် သစ်စက်အထိ ပေ ၅၉၀၀ ကိုလည်းကောင်း အကျယ်၂၄ပေ ၁၁ လက်မထု  ကွန်ကရစ်လမ်းအဖြစ်  ပြုပြင်ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေလျာထားပေးမည်ဖြစ်ပါကြောင်း၊ လှော်ကား-၀ါးတရာလမ်းမကြီးတွင် YBS ခရီးသည်တင်ဘတ်စ်ကားများ ပြေးဆွဲရန်မှာ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာ ပိုင်အဖွဲ့၏အစီအစဉ်ဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၏ ငမိုးရိပ်ချောင်း ဖြတ်ကူးတံတား ကမာကြည်ဝဲယာရှိ ကျောက်၊ သဲဒိုင်ကြီးများအား အပြီးတိုင်ပိတ်သိမ်း ခြင်း သို့မဟုတ်နေရာပြောင်းရွှေခြင်းပြုလုပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ကမာကြည်တံတားဝဲ၊ ယာတွင် ကမ်းနားနယ်စုပုံလုပ်ငန်း ၄ ခုရှိပါ ကြောင်း၊ ယင်းလုပ်ငန်း ၄ခု အနက် ကမာကြည် တံတားနယ်အတွင်းကျရောက် သည့် စုပုံလုပ်ငန်းများဖြစ်သည့် ဦးမြင့်အောင်နှင့် ဦးညီညီဇော်အေးတို့ကို သက်ဆိုင်ရာတံတားစီမံခန့်ခွဲသည့်ဌာန၏ မြေအသုံးပြုခွင့်ကို တင်ပြနိုင်ခြင်းမရှိသည့်အတွက် ကမ်း နားနယ် စုပုံလုပ်ငန်းခွင့်ပြုခဲ့ခြင်းမရှိပါကြောင်း။

ကျန်လုပ်ငန်းရှင် ၂ ဦး ဖြစ်သည့် ဦးသောင်းနှင့် ဒေါ်ဥမ္မာလှိုင်တို့ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တို့တွင် ကမ်းနားနယ် စုပုံခွင့် ခွင့်ပြုခဲ့သော်လည်း ဒေသခံများ၏ကန့်ကွက်မှုကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ်းနားနယ်စုပုံခွင့်ကို သက်တမ်းတိုးပေးခြင်း မရှိခဲ့ပါကြောင်း၊ ငမိုးရိပ်ချောင်း မြစ်ကူး တံတား၊ ကမာကြည်တံတား ၀ဲ၊ ယာ အနီးရှိ တရားမ၀င် စုပုံထားသော  သဲ၊ ကျောက် များကို လုပ်ငန်းရှင်များမှ လုပ်ငန်းပိတ်သိမ်းဖယ်ရှားပြီးဖြစ်သဖြင့် ထပ်မံစုပုံခြင်းမပြုစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့မှ ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ကိုယ်စား ရှင်းလင်း ဖြေကြားသည်။

လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏  ရန်ကုန်မြို့ရှိ  ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနှင့် ကားပါကင်အခက်အခဲကို ဖြေရှင်းရန်မည်သို့ စီမံဆောင်ရွက်ထားသည် ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ဖြေရှင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဖွဲ့ကို ဖွဲ့စည်း၍ ယာဉ်ကြောကြပ် တည်းမှုဖြေရှင်းရန်နှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်းရှိ လမ်းမကြီးများအား လမ်းမျက်နှာ ပြင် ကောင်းမွန်စေရေး၊ လမ်းသားတင်ခြင်းနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း။

 လမ်းများပေါ်တွင် ရေကြီးရေလျှံမှု လျော့နည်းပပျောက်စေရန် ရေစီးရေလာ စနစ်များကို  စနစ်တကျပြန် လည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်း မော်တော်ယာဉ် တင်သွင်းမှုအား စနစ်ကျရေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ လမ်းပေါ်ရှိ စည်းကမ်းမဲ့ ယာဉ်များ ရပ်နားခြင်း၊ မောင်းနှင်ခြင်းနှင့် လမ်းဘေးဈေးသည်များကို ပိုမိုထိရောက်စွာ ကြပ်မတ်အရေးယူ နိုင်ရေးအတွက်  ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေကို အသစ်ပြဋ္ဌာန်း ပြီးဖြစ်၍ ဥပဒေပါ အချက်များဖြင့် ပိုမိုဆောင် ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မီးပွိုင့် စနစ် ခေတ်မီတိုးတက်ရေးအတွက် ယခုအခါ ခေတ်မီဗဟို ထိန်းချုပ်စနစ်ပါဝင်သော မီးပွိုင့် ၁၅၄ ပွိုင့်အား တင်ဒါအောင်မြင်သော တရုတ်နိုင်ငံ CRCC ကုမ္ပဏီနှင့် ဆောင် ရွက်ခဲ့ရာ စမ်းသပ်လည်ပတ်ခြင်းအဆင့် ရောက်ရှိပြီဖြစ်ပါကြောင်း၊ ခရီးသည်တင် ယာဉ် များ စနစ်တကျရှိ ရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ YBS စနစ်သစ်ဖြင့် ဆောင် ရွက်လျက်ရှိပါကြောင်း။

ကားပါကင် အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် လမ်းမကြီးများတွင် လမ်းတိုးချဲ့၍ ယာဉ်ရပ်နားနေရာများ တည်ဆောက်ပေးလျက်ရှိပြီး မြို့တွင်းမြို့နယ်များ၌ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ Smart ကားပါကင် လုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း အဆောက် အဦအသုံးပြုမှုအလိုက် ကားပါကင်များ စနစ်တကျ လုံလောက်စွာ ထည့်သွင်းတည် ဆောက်ရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်း တိုးတက်များ ပြားလာသည့် လူဦးရေနှင့် လိုက်လျောညီမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်များ ပေါ်ပေါက်လာစေရန် ရေရှည်စီမံချက်ချ၍ လုပ်ဆောင်ပေးခြင်းဖြင့် အများပြည် သူသုံးစနစ်တိုးတက်ကောင်းမွန်လာစေရန် ကိုယ်ပိုင်ကားအသုံးပြုမှု လျော့ပါးစေခြင်းတို့ ဖြင့် ယာဉ်ကြော ကြပ်တည်းမှု ပြဿနာနှင့် ကားပါကင်ပြဿနာများ ဖြေရှင်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

လားရှိုး မဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်း၏ လားရှိုးမြို့ မြို့တွင်းမီးပွိုင့် တပ်ဆင်မှု၏ ဆက်စပ်မေးခွန်း ဖြေကြားချက်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက  လားရှိုးမြို့ မြို့တော်ခန်းမ အ၀ိုင်းပတ်လမ်းဆုံ (ရပ်ကွက်-၂)နေရာတွင် မီးပွိုင့်တပ်ဆင်၍ရသော်လည်း အ၀ိုင်းပတ် နှင့် စည်းလုံးညီညွတ်ခြင်းရုပ်ထုအား ဖျက်သိမ်းဖယ်ရှားမှသာ အဆင်ပြေနိုင်မည်ဖြစ်ပါ ကြောင်း၊ ရေကန် လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ(ရပ်ကွက်-၅)တွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်မရှိသော်လည်း  ယာဉ်မောင်း နှင့် သွားလာသူများ သတိပြုအရှိန်လျော့သွား လာစေရေးအတွက် သတိပေး မီးဝါ ၂ခုအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ  ၆လတွင် တပ်ဆင်ပေးရန် စီစဉ်ထားရှိပါကြောင်း။

 သိန်းနီလမ်းနှင့် ကွတ်ခိုင်လမ်း(ရေပန်းလမ်းဆုံ)(ရပ်ကွက်-၂) နေရာသည် ကုန်းအဆင်း၊ အတက်၊ အကွေ့နေရာ ဖြစ်သောကြောင့် မီးပွိုင့်တပ်ဆင်၍ မရသည်ကို သိရှိရပါကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် သိန်းနီလမ်းထောင့်ရှိ မြင် ကွင်းကွယ်နေသော ထရမ်စဖော်မာအား လျှပ်စစ်ဓာတ် အားဖြန့်ဖြူရေးလုပ်ငန်းနှင့် ညှိနှိုင်း၍ နေရာရွှေ့ပြောင်းရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သိန်းနီလမ်းနှင့် ဟတ်ကာ လမ်းဆုံ (ရပ်ကွက်-၁၂)တွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်မရှိသော် လည်း ယာဉ်မောင်းနှင့် သွားလာသူများ သတိပြုအရှိန်လျော့သွားလာစေရေးအတွက် သတိပေး မီးဝါ ၂ခုအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  ပထမ ၆ လတွင် တပ်ဆင်ပေးရန် စီစဉ်ထားရှိပါကြောင်း၊ သိန်းနီလမ်းနှင့် ဟူးမွန်ဆည်လမ်းဆုံ (ရပ်ကွက်-၈-၁၂/ပ မန်ဆူအနီး)တွင် မီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်မရှိသော်လည်း ယာဉ် မောင်းနှင့် သွားလာသူများ သတိပြုအရှိန်လျော့သွားလာစေရေးအတွက် သတိပေး မီးဝါ ၁ ခု ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ် ၁ ခုအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် ပထမ ၆လ တွင် တပ်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊  ကသာ မဲဆန္ဒနယ်မှ ဦးမြင့်ကြည်နှင့် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ရှင်းလင်းဖြေကြားသည်။

ယင်းနောက် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက တစ်နေ့တခြား များ ပြားလာသည့် ယာဉ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အား အကျိုးပြုမည့် လူသား အရင်းအမြစ်များ ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် နိုင်ငံတော်အဆင့် အမျိုးသားယာဉ် အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ဖွဲ့စည်းပြီး ဆောင်ရွက်နေ သော်လည်း ပြည်သူများလိုက်နာ ကျင့်သုံးဆောင်ရွက်မှု ရလဒ်ကောင်းများရရှိမှု အားနည်း သည့်အပေါ် လက်တွေ့ကျသည့် လုပ်ဆောင်ချက်၊ လိုအပ်ချက်များ ဖြည့် ဆည်းကာ ပိုမို အရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရ အားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ပြည်သူများ၏ အသားကျနေသည့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှု ချိုးဖောက်မှုများကို လက်တွေ့ကျသည့် လိုအပ်ချက်  လုပ်ဆောင်ချက်များ ပိုမိုအရှိန်မြှင့်လုပ်သင့်နေပါကြောင်း။

ယခုအချိန်မှစတင်၍ မဆောင်ရွက်ပါက လွှတ်တော်အတွင်းတွင် ရှိနေကြသည့် ကိုယ်စားလှယ်များ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ၏အနာဂတ်မျိုးဆက်များပါ ယာဉ်တိုက် မှုဆိုသည့်  ဖြစ်စဉ်များက တရားခံအနေဖြင့်ေ သ်ာလည်းကောင်း၊ သားကောင် အနေဖြင့် သော်လည်းကောင်း၊ အချိန်မရွေး၊ နေရာမရွေး ဖြစ်သွားနိုင် ပါကြောင်း၊ ယာဉ်တိုက်မှုများ ကြောင့် ထိခိုက်ဆုံးရှုံးမှုများသည်  တစ်ဦးချင်းတစ်ယောက် ချင်းအတွက်၊ မိသားစု တစ်စု အတွက် ဆုံးရှုံးမှုသာမက နိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုဖြစ်သည်အထိ ခံယူကာ အားလုံး စည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်နေပါကြောင်း၊ ပြည်သူ ပြည်သားများအကျိုး၊ နိုင်ငံတော်အကျိုးအတွက်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ရွာငံ မဲဆန္ဒနယ်မှ  ဦးအောင်စိုးမင်း က ထောက်ခံ တင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း ၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေး ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလို သည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဒေါ်ယဉ်မင်းလှိုင်က ဖတ်ကြား တင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာ သော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဥပဒေကြမ်းကော်မတီဝင် ဦးပါထန်းက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ၁၆ ချက်နှင့် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက် ၁၉ ချက်တို့ကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြသည်။

ထို့နောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ၂ရပ်မှ ပြင်ဆင်ချက်များ၊ ပြင်ဆင်ခြင်းမပြုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို မူလအဆိုပြုချက်အတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက က အဆိုပါဥပဒေကြမ်းတစ်ရပ်လုံးကို  အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က   အတည်ပြုကြောင်း နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး န၀မနေ့ကို ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)


No comments:

Post a Comment