နေပြည်တော် နိုဝင်ဘာ ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Telecom
International MYANMAR Co.,Ltd.(Mytel) အမှုဆောင်အရာရှိချုပ် Mr. Nguyen Thanh Nam အား
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများ၊ ပြည်သူများအား
ဆက်သွယ်ရေး ၀န်ဆောင်မှုများပေးနေမှု အခြေအနေများ၊ စာသင်ကျောင်းများတွင် အင်တာနက် လိုင်းများ
တပ်ဆင်ပေးနေမှု အခြေအနေများ၊ ကျေးလက်ဒေသများအထိ ၀န်ဆောင်မှုလုပ်ငန်းများ ရရှိအောင် ဆောင်ရွက်နေမှု
အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏
ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment