နေပြည်တော်
နိုဝင်ဘာ ၂၈
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့
(PNO) အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့နာယက ဦးအောင်ခမ်းထီအား ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး နယ်မြေဒေသဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအိုဝ်း ငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့ စစ်ဌာနေအဖွဲ့ နာယကနှင့်အတူ ဗဟိုကော်မတီဝင် ဦးခွန်မြင့်အောင်နှင့် ပအိုဝ်း ငြိမ်းချမ်းရေးအဖွဲ့ (PNO) အဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်က ယခုအခါတွင် ပအိုဝ်းဒေသသည် တည်ငြိမ် အေးချမ်းလျက်ရှိပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့
(PNO) ၏ ဆောင်ရွက်ချက်များအား ကျေးဇူးတင် ရှိပါကြောင်း၊ ထို့အတူ နယ်မြေတည်ငြိမ် အေးချမ်းရေး
သာမက ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော
စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ယခုအခါ ပြည်သူများမှ
ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက် ရှိရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကအရေးပါသော ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း
တည်ရှိပြီးပြည်ထောင်စုကြီးအတွင်း စုပေါင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်၊
ညီရင်းအစ်ကို သဖွယ် စိတ်ဓာတ်၊ မိသားစုသဖွယ် စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်
လိုကြောင်း၊ တိုင်းရင်းသားအားလုံး အုပ်ချုပ်ရေး အပါအ၀င် နယ်ပယ်ပေါင်းစုံ၌ အသိပညာရှင်၊
အတတ်ပညာရှင်များ အဖြစ်ဦးဆောင်ဦးရွက်ပြုနိုင်ကြရန်၊ မိမိနေရာ၊ မိမိဒေသအတွက် တာဝန်ထမ်းဆောင်နိုင်ကြစေလိုကြောင်း၊
အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ပြိုင်ဘက်ကဲ့သို့ ကြိုးစား အားထုတ်ကြရမည်ဖြစ်သော်လည်း
မိမိတို့နိုင်ငံတွင်း နေထိုင်မှုအတွက် တစ်မိသားစုစိတ်ဖြင့် နေထိုင်ကြရန် လိုကြောင်း
ပြောကြားသည်။
စည်းလုံးညီညွတ်စွာနေထိုင်
ထို့နောက် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) နာယကက ပအိုဝ်းဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်မှ ကူညီဆောင်ရွက်ပေးနေမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုရှိုက်နေကြရသောကြောင့် အားလုံး တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းတိုင်းရင်းသားများသည် နိုင်ငံအနှံ့အပြားတွင် များစွာနေထိုင်ကြသည် ဖြစ်၍ တိုင်းရင်းသား အားလုံးအပေါ် လူမျိုးစွဲမထားဘဲ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ဖြင့် နေထိုင်လျက်ရှိကြကြောင်း ပြောကြားသည်။

ရင်းရင်းနှီးနှီးဆွေးနွေး
ယင်းနောက် ပအိုဝ်းဒေသတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment