Tuesday, November 27, 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Development and Reform Commission(NDRC)၏ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့ အား တွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၂၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ National Development and Reform Commission (NDRC) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ H.E. Mr. Ning Jizhe နှင့်အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ပူးတွဲကော်မတီ အဖွဲ့ဝင်များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)

No comments:

Post a Comment