နေပြည်တော်၊ နိုဝင်ဘာ ၂၆
တိုင်းရင်းငါးမျိုးများ မျိုးသုဉ်းပျောက်ကွယ်မှုမှ
ကာကွယ်ရန်၊ ဒေသနေ ငါးမွေးတောင်သူများအား ငါးရောဂါဆိုင်ရာ ဗဟုသုတ များဖြန့်ဝေ ပေးရန်၊
ငါးမွေးမြူရေး ဆိုင်ရာနည်းပညာများ ဖြန့်ဝေပေးခြင်းဖြင့် ခိုင်မာသော အသက်မွေးဝမ်းကျောင်း
လုပ်ငန်း များပေါ် ထွန်းလာ စေရန်၊ ငါးပညာရပ်ဆိုင်ရာ ကျွမ်းကျင် သူများလေ့ကျင့်မွေးထုတ်ပေး
နိုင်ခြင်းဖြင့်
မြန်မာ့ငါးကဏ္ဍ ပိုမိုဖွံ့ဖြိုး လာစေရန်တို့ကိုမိမိတို့ ဝန်ကြီး ဌာနမှ
ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိရာ သက်ဆိုင်သူအား လုံးတို့က ကျရာအခန်း ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်
ကြစေလို ကြောင်း နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းတွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊
ဇီးဖြူကုန်း ကျေးရွာရှိ၊ ငါးလုပ်ငန်းဦးစီးဌာန၊ တွံတေးငါးလုပ်ငန်း စခန်းသို့ ရောက်ရှိစစ်ဆေးစဉ်
စိုက်ပျိုရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက
ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည်
ငါးလုပ်ငန်းစခန်း ဧရိယာအတွင်း၊ ငါးလုပ်ငန်း သိပ္ပံကျောင်း ဆောက်လုပ် ရန်လျာထား သည့်
သင်တန်းဆောင်နေရာ၊ ကျား/မ အိပ်ဆောင်နေရာ၊ နားနေဆောင် ဆောက်လုပ်ရန် လျာထားမြေနေရာ များအား
လှည့်လည် ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက
လိုက်လံ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ငါးလုပ်ငန်းစခန်း ရှင်းလင်းဆောင်တွင်
ငါးလုပ်ငန်းစခန်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ငါးလုပ်ငန်းသိပ္ပံ ကျောင်း ဆောက်လုပ်နိုင်မှု
အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ငါးလုပ်ငန်းအတတ်သင်
သိပ္ပံကျောင်း ဆောက်လုပ်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက်မှာ ကြားပြီး မြန်မာနိုင်ငံတွင်
ပထမဦး ဆုံးပေါ်ပေါက်လာမည့် ငါးလုပ် ငန်းတက္ကသိုလ် ဖြစ်လာစေရေး မျှော်မှန်းချက်ထား ဆောင်ရွက်သွား
ရန်နှင့် ဝန်ထမ်းအင်အား မှစ၍ အခြေခံ အဆောက်အအုံများ နှစ်စဉ် တိုးချဲ့ ဆောင်ရွက်နိုင်ရေး
အစီအမံများထည့်သွင်း ဆောင်ရွက်ရန် တို့ကို ဆွေး နွေးမှာကြားသည်။
တွံတေး ငါးလုပ်ငန်းစခန်းသည် ငါးမွေးတောင်သူ
၁၃၆၉ ဦး၏ ငါးမွေး ဧရိယာ ၅၃၈၃၀ ဧကရှိသော ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ နယ်နှင့်
ငါးမွေးတောင်သူ ၂၀၀၅ ဦး၏ ငါးမွေးဧရိယာ ၃၄၁၉၈ ဧက ရှိသော ရန်ကုန်တိုင်း ဒေသကြီး တွံတေး
မြို့နယ်တို့အနီးတွင် တည်ရှိ ပြီး ငါးမွေးတောင်သူများအတွက် လိုအပ်သော နည်းပညာနှင့်
မျိုးများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလ ကုန်အထိ ငါးသားပေါက်ကောင်ရေ
၂၉၃ သိန်း ထုတ်လုပ်ပေးနိုင်ခဲ့ သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး
သာကေတမြို့နယ်၊ မြခွာညိုလမ်းရှိ၊ ငါးလုပ်ငန်းဦးစီးဌာန မိချောင်း မွေးမြူရေး စခန်းသို့ရောက်ရှိပြီး
ညွှန်ကြားရေးမှူးချုပ်နှင့် စခန်း တာဝန်ခံတို့၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြမှု အပေါ်
ပြည် ထောင်စုဝန်ကြီးက မိချောင်းမွေးမြူရေးဆိုင်ရာ ပညာရပ်ပိုင်း လိုအပ် ချက်များ၊ ခေတ်မီစက်ပစ္စည်း
ကရိယာလို အပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး ဆွေးနွေးမှာကြားပြီး အများပြည်သူ အပန်းဖြေသည့်
မိချောင်း မွေးမြူရေးကန်များ၊ မိချောင်းသားပေါက် အဆင့်ဆင့် ပြုစုမွေးမြူကန်များအား
လှည့်လည်ကြည်ရှုစစ်ဆေးသည်။
သာကေတမြို့နယ်၊ မိချောင်းမွေးမြူရေး စခန်းတွင်
အရွယ်စုံမိကျောင်းကောင်ရေ ၅၃၆ကောင် မွေးမြူ ထားရှိပြီး ပြည်တွင်း ပြည်ပခရီးသွားများ
လေ့လာအပမ်းဖြေနိုင်ရန်၊ မိကျောင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မျိုးသုဉ်း
ပျောက်ကွယ်လုနည်းပါး သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းအား အများပြည်သူ ပူးပေါင်းပါဝင်
လာစေရန် ဆောင် ရွက်လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်
ရှု့ခင်းသာလမ်းရှိ ငါးလုပ်ငန်း သုတေသန ဓာတ်ခွဲခန်းများ ဌာနစုသို့ရောက်ရှိရာ ဖွံဖြိုးရေးနှင့်
သုတေသဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က နိုင်ငံခြား ပို့ကုန်/သွင်းကုန် စံချိန်
စံညွှန်းများနှင့်အညီ ရေထွက်ပစ္စည်းများ စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊
ISO/IEC-17025 အသိအမှတ်ပြု ထောက်ခံချက်ရရှိရေး ဆောင်ရွက်နိုင်မှု အခြေအနေများကို လည်းကောင်း၊
ငါးရောဂါ ရှာဖွေရေးဌာနစု တာဝန်ခံက မွေးမြူရေးကဏ္ဍ ကူညီဆောင်ရွက်ပေးနိုင်မှု၊ နိုင်ငံတကာနှင့်
ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ တစ်ဦးချင်းစီအလိုက် အရည်အသွေး၊ အရည် အချင်းများ စဉ်ဆက်မပြတ်
တိုးမြင့်စေရေး ကြိုးပမ်းကြရန် လိုအပ်ချက်များနှင့် ရေထွက် ကုန်ပစ္စည်းများအား နိုင်ငံတကာ
ဈေးကွက်များ၏ စံသတ်မှတ်ချက်များနှင့် အညီကျစွာ စစ်ဆေးဆောင်ရွက်ရန် လိုအပ်ချက်များကို
ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment