Tuesday, November 27, 2018

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးH.E.Mr.Lee Sang- hwa နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၂၆
နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်းသည် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Lee Sang- hwaနှင့်ယနေ့ မွန်းလွဲ၂နာရီ တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-5)၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံငြိမ်းချမ်းရေးအားထုတ်မှု ဖြစ်စဉ်နှင့် အလားအလာ၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အောင်မြင်မှုရလဒ်များ၊ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီးဆက်ဆံရေးတိုးမြှင့်ရန်ကိစ္စ၊ ကိုရီးယားခရီးသွားများ ဗီဇာကင်းလွတ်ခွင့်ကြောင့် မြန်မာ နိုင်ငံသို့ ပိုမိုလာရောက်ရေးကိစ္စ၊ တောင်ကိုရီးယားနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်မည့် မန္တလေး - မြစ်ကြီးနား ရထား လမ်းအခြေအနေ၊ နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု တိုးတက်မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)

No comments:

Post a Comment