Tuesday, November 27, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဆိုက်ဘာဘေးကင်းလုံခြုံရေး ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


 နေပြည်တော် နိုဝင်ဘာ ၂၆
ဆိုက်ဘာဘေးကင်းလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပရာ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဩစတြေးလျနိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Jeremy Kruse ၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ဩစတြေး လျနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြည်ပမှ ပညာရှင်များ၊ ပြည်တွင်း ပညာရှင်များ၊ ဌာနဆိုင်ရာ များမှ Chief Information Officer (CIO) များတက်ရောက်ကြသည်။
အစည်းအဝေးကို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိအမြင်တိုးတက် စေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ (၂၇)ရက် အထိ ကျင်းပသွား မည်ဖြစ်ကာ ဩစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံစသည်တို့မှ ပါမောက္ခများ၊ ပညာရှင် များနှင့် ပြည်တွင်းမှ ပါမောက္ခများ၊ ဆိုက်ဘာ လုံခြုံရေး ဆိုင်ရာ ပညာရှင်များ၊ တာဝန်ရှိသူများမှ တက်ရောက် ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment