နေပြည်တော် နိုဝင်ဘာ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့
နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr.
VikramMisri အား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းနှင့် စစ်တွေဆိပ်ကမ်း လုပ်ငန်းများ အကောင်အထည်ဖော် ရေး ဆိုင်ရာကိစ္စရပ်များ၊ e-government ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment