ရန်ကုန်
နိုဝင်ဘာ ၂၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုသင်တန်းကျောင်း၌
ပြုလုပ်သည့် Digital Marketing ဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စေရေး
ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း
ပိုမိုဖွံ့ဖြိုး တိုးတက်ရန်အတွက် Digital နည်းပညာကိုအသုံးပြုပြီး ခရီးသွားမြှင့်တင်ရေးလုပ်ငန်း
ဆောင်ရွက်ရန် အတွက် ဒေသနှင့်နိုင်ငံအလိုက် ဦးစားပေး ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ
အဖွဲ့(၆)ဖွဲ့ ဖွဲ့စည်းပြီးဖြစ်သည့်အပြင် ၀န်ကြီးဌာန၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်သည့်
Digital Marketing Task-force ကိုDigital Marketing Advisory Team ၊ Digital
Marketing Committee နှင့် Digital Marketing Implementation Team စသည့်အဖွဲ့(၃)ဖွဲ့
ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီကိုနယ်သာလန်နိုင်ငံအခြေစိုက်
Center for the Promotion of Imports from Developing Countries (CBI) အဖွဲ့အစည်းမှ
ကူညီဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းခရီးသွားမြှင့်တင်ရေးဆိုင်ရာ
Digital Marketing လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ရည်မှန်းချက်၊ Target Market အလိုက်
ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ၊ ငွေကြေးခွဲဝေ သုံးစွဲရမည့် ကိစ္စရပ်များကို စနစ်တကျဖြင့်
သတ်မှတ်ကာလအတွင်း ဆောလျင်စွာအကောင် အထည်ဖော်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးသွားရန်
လိုကြောင်းပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသော ဒေသနှင့်နိုင်ငံအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ(၆)ခုမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး နယ်သာလန်နိုင်ငံအခြေစိုက် Center for the Promotion of Imports from Developing Countries (CBI) အဖွဲ့အစည်း၏ ကျွမ်းကျင်ပညာရှင် မှ Digital Marketing ဆိုင်ရာမဟာဗျူဟာ လုပ်ငန်းစဉ်များပိုမိုကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထား သည့် လုပ်ငန်းကော်မတီအဖွဲ့(၆)ဖွဲ့နှင့် Digital Marketing Advisory Team ၊ Digital Marketing Committee နှင့် Digital Marketing Implementation Team များ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment