နေပြည်တော်၊
နိုဝင်ဘာ ၂၆
လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံတိုင်းရင်းဆေး
ကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ
အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းဝေးခန်းမ၌
ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်
ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း
ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ၊
ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်
အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ၊
မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာများအသင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု
လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment