Thursday, November 29, 2018

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် နိုဝင်ဘာ ၂၉ 

မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈ ခုနှစ်) ကိုပြဌာန်းခဲ့ပြီးဖြစ်၍ ပြဌာန်းသည့် ဥပဒေနှင့်အညီ နည်းဥပဒေများ ရေးဆွဲလျက်ရှိရာတွင် အများ ပြည်သူနှင့် တိုင်းရင်းသားများ၏ အကျိုးကိုထိခိုက်မှု မရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော လုပ်ကိုင်ခွင့် ချထားမြေများအား ခွင့်ပြုမိန့်ရုပ်သိမ်းရန် နှင့်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား အမှန်တကယ် ဖော်ထုတ် လုပ်ကိုင်လိုသူများ အနေဖြင့် အဆင်ပြေလွယ်ကူစွာ လျှောက်ထားသုံးစွဲနိုင်ရေးတို့အတွက် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီစီမံဆောင်ရွက်ကြရန် ယနေ့နံနက် ၉ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။


အစည်းအဝေးသို့ ဒုတိယဥက္ကဌဒုတိယဝန်ကြီးဦးလှကျော်နှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များ စုံညီစွာတက်ရောက် ဆွေးနွေးကြသည်။
ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈ ခုနှစ်) ပြဌာန်းချက်များအရဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။

ယနေ့ကျင်းပသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ၁၆ကြိမ်မြောက် အစည်းအဝေး တွင် ဗဟိုကော်မတီမှ စည်းကမ်းချက် သတ်မှတ်(၄)နှစ်ပြည့်မြောက်ပြီး ချိန် ထိအမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော လုပ်ကိုင်ခွင့်ချထားမြေများ အားခွင့်ပြုမိန့်ရုပ်သိမ်း ရေးနှင့် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်သည့် မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင် ရေးကိစ္စ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃/၂၀၁၆)၊ (၁၁/၂၀၁၈) နှင့် (၁၂/၂၀၁၈) အစည်းအဝေး ဆုံးဖြတ်ချက်များ အရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် လုပ်ငန်း စာတွဲများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအားစိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ပြဌာန်းချက်များအရ ဗဟိုကော်မတီတွင် ပညာရှင် ထည့်သွင်း ဖွဲ့စည်းမည့် အဆိုပြု အမည်စာရင်း တင်ပြခြင်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ စီမံခန့်ခွဲရေး ကော်မတီများဖွဲ့စည်းရန် ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၀-က ပါ မြေအမျိုးအစားများ မပါရှိစေရေး ဆောင်ရွက်ရမည့် နည်းလမ်းကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment