မြဝတီ နိုဝင်ဘာ ၂၂
မြဝတီမြို့၊ သောင်ရင်းခန်းမ၌ နိုဝင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊
လူကုန်ကူးမှုတိုက်ဖျက်ရေး ဌာနတို့ပူးပေါင်း၍ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား
(၇၃)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပခဲ့သည်။
ထိုသို့ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရာတွင်
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနမှ
Inspector General, Ms. SaranpatAnumatrajakit နှင့် Police Immigration Bureau မှ Commissioner, Police Major General
SurachetHakpan တို့က လိုက်ပါပို့ဆောင် လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံ၊ ကရင် ပြည်နယ်အစိုးရအဖွဲ့မှ
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးတေဇထွဋ်လှိုင်ထွေးနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်း တို့မှ ကြိုဆိုလက်ခံခဲ့သည်။
ထို့ပြင် နေရပ်ပြန်လာသူ(၇၃)ဦးအတွက် ထိုင်းနိုင်ငံ၏
လူသားချင်းစာနာသော ထောက်ပံ့ ငွေနှင့် ထိုင်းနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေမှ
ထောက်ပံ့ငွေစုစုပေါင်း (၆၇၅၅၀၀) ဘတ်ကို လည်း လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နေရပ်ပြန်လာသူများအား ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ
ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာ၊ မြဝတီ၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်း
မော်လမြိုင်နှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ မော်လမြိုင်တို့တွင်
ယာယီလက်ခံ စောင့်ရှောက်ထားပြီး ယာယီလက်ခံ စောင့်ရှောက်စဉ် ကာလအတွင်း အခြေခံလိုအပ်ချက်များ
ဖြည့်ဆည်းခြင်း၊ ခရီးသွားထောက်ခံစာများ ထုတ်ပေးခြင်းနှင့်
နေရပ်ဒေသများသို့ ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကာ
ယနေ့တွင် နေရပ်ပြန်လာသူ အားလုံးအားမိဘရပ်ထံသို့ ပြန်လည်ပို့ဆောင် အပ်နှံခဲ့သည်။
နေရပ်ပြန်လာသူများအတွက် ပြန်လည်ထူထောင်ရေးထောက်ပံ့မှု
အစီအစဉ်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍
နောက်ဆက်တွဲ စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ပြန်လည်ထူ
ထောင်ရေး အထောက်အပံ့များ ဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment