Friday, November 23, 2018

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်အဝေး တက်ရောက်ရန် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ဦးဆောင်သော မြန်မာအားကစား ကိုယ်စားလှယ် အဖွဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ


ရန်ကုန် နိုဝင်ဘာ ၂၂
၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်မည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေး (2nd SEAGF Council Meeting ) ကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ပြုလုပ်မည်ဖြစ်ရာ ၎င်းအစည်းအဝေးသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ဦးဆောင်သည့် မြန်မာအားကစား ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အားကစားနည်းများ နောက်ဆုံးအဆင့် အတည်ပြုထုတ်ပြန်နိုင်ရေး၊ အားကစား အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများမှ ထည့်သွင်းကျင်းပလိုသည့် အားကစားနည်းများကို အိမ်ရှင်နိုင်ငံမှ အတည်ပြုထည့်သွင်း ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံမှ အားကစားကိုယ်စားလှယ် အဖွဲ့မှာလည်း မိမိတို့နိုင်ငံ အနေဖြင့် အိမ်ရှင်မှ သတ်မှတ် အတည်ပြုသည့် အားကစားနည်းများအပြင်၊ မပါဝင်သေးသည့် အားကစားနည်းများ ထည့်သွင်းကျင်းပ နိုင်ရေးများကို ယခုပြုလုပ်မည့် SEAGF အစည်းအဝေးတွင် အဓိကထားဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ အားကစား ကွင်း/အားကစားရုံများ ကြိုတင်ပြီးစီးမှု အခြေအနေများနှင့် အားကစားသမားများ ဆေးဘက်ဆိုင်ရာ တားမြစ်ဆေး Dopey ကင်းစင်ရေးစသည့် ကိစ္စရပ်များအပြင် အခြားကိစ္စရပ်များကိုပါ အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
( သတင်းစဉ် )

No comments:

Post a Comment