နေပြည်တော်
နိုဝင်ဘာ ၂၂
ယနေ့
၁၃၈၀ပြည့်နှစ် တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် နေပြည်တော် ကောင်စီနယ်မြေရှိဘုရား၊
စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဥပုပ်သီလဆောက်တည်ကြသူများဖြင့်
စည်ကားလျက် ရှိသည်။
နေပြည်တော်
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဒသမအကြိမ် တန်ဆောင်တိုင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ၊
(၁၀၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်းနှင့် ရွှေစင်ရွှေပြား
ကပ်လှူ ပူဇော်ရေးအတွက် အကြိုပရိကမ္မမင်္ဂလာအခမ်းအနားကိုယနေ့နံက် ၉နာရီ ၄၅ မိနစ်တွင် အဆိုပါ
စေတီတော်လိုဏ်တော်၌ ကျင်းပသည်။
အခမ်းအနားတွင်
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများက စေတီတော်
လိုဏ်တော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား တန်ဆောင်တိုင်ရွှေကြာသင်္ကန်းနှင့် ဆွမ်း၊
သစ်သီး၊ သောက်တော်ရေ တို့ကို ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်
စေတီတော်သြ၀ါဒါစရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ဆရာတော် အဘိဓဇ
မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တက၀ိသာရထံမှ တိုင်းမှူးနှင့် ဧည့်ပရိတ်သတ်များက ကိုးပါသီလခံယူ
ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များရွတ်ပွားတော်မှုသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက်
တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာတော်၊သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်
လှူဒါန်းကြသည်။
ထို့နောက်
ဈေးကုန်းကျောင်းတိုက်ဆရာတော်ထံမှ တိုင်းမှူးနှင့် ပရိတ်သတ် များက အနုမောဒနာတရား နာကြားကြပြီး
လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ညနေပိုင်းတွင်
စေတီတော်လိုဏ်တော်အတွင်း၌ နေပြည်တော်ကောင်စီနယ်မြေရှိ ၀တ်အသင်းများနှင့် တပ်နယ်ဝတ်
အသင်းများက ၀တ်ရွတ်ပူဇော်ကြပြီးစေတီတော် ရင်ပြင်တွင် ဘုရားရှင်အားရည်မှန်း၍ ဆီမီး(၉၀၀၀)
ပူဇော်ကြရာ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်နှင့် သံဝေဇနိယလေးဌာန၊
သကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်၊ ဘုရားကိုးဆူ၊
ကိုးခမ်းကြီးဘုရား၊ အောင်မင်းခေါင် ဘုရား၊ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်၊ မင်းဝံတောင်ဘုရား၊
ရန်အောင်မြင် စေတီတော်၊ ဖောင်တော်ချက်မဘုရားနှင့် အခြားဘုရား၊စေတီ၊ပုထိုးများတွင် နေပြည်
တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ဘုရားဖူးပြည်သူများအပြင် အနယ်နယ် အရပ်ရပ်မှ
လာရောက်ကြသည့် ဘုရားဖူးသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ စည်ကား လျက်ရှိသည်။
ထို့ပြင်
နေပြည်တော်ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိုင်းရင်းသားကျေးရွာ၊ ရေပူစမ်း
တို့တွင်လည်း အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment