နေပြည်တော် နိုဝင်ဘာ ၂၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးနေလင်းစိုး
နှင့်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန
အစည်းအဝေးခန်းမတွင် လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ မသန်စွမ်း သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ နိုင်ရေးနှင့် မသန်စွမ်းမှုဆိုင်ရာ သဘောတရားများ အားနားလည် သဘောပေါက်မှု မြှင့်တင်ခြင်းဖြင့် မသန်စွမ်း သူများအလုပ်အကိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment