နေပြည်တော် နိုဝင်ဘာ ၂၃
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊
စီမံချက်များကို အကောင် အထည်ဖော်ရာတွင် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း
ဒေသကြီးအသီးသီးတို့၏ လုပ်ပိုင်ခွင့်များ သတ်မှတ်ရေး၊ ဒေသအလိုက်
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ
ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊
အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ရေး၊
မူဝါဒများ၊ လုပ်ငန်းစဉ်များကို ပြည်သူများ နားလည် သဘောပေါက်လာစေရန်
ရှင်းလင်းဆောင်ရွက်မည့် အစီအစဉ်များကို အချိန်အပိုင်း အခြားနှင့်တကွ
ရေးဆွဲထားရှိရေး စသည်တို့အတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ပိုင်းက
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ပြည်နယ် နှင့်တိုင်းအသီးသီးတွင် တာဝန်ထမ်းဆောင် နေကြသူများသည် ပြည်သူလူထုနှင့် အစဉ် ထိတွေ့မှုရှိပြီး ပြည်သူ့ လိုအပ်ချက်များကိုသိရှိရန် ကြိုးပမ်းနေကြရမည် ဖြစ်ကြောင်း၊ ညွှန်ကြားချက် များ အတိုင်းလိုက်နာ ဆောင်ရွက်နိုင်ရုံမျှဖြင့် တာဝန်ကျေပြီဟု မယူဆစေလိုကြောင်း၊ ပြည်သူတို့၏ လက်တွေ့ခံစားချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အချိန်မရွေး ပြန်လည်တင်ပြ၍ ပိုမိုကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန် တာဝန်ရှိကြောင်း၊ ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်း ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်မှုများ လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဦးစီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment