စစ်တွေ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် နေရပ်စွန့်ခွာသူများ
ပြန်လည်လက်ခံရေး ပြင်ဆင်ထားမှု အခြေအနေတို့ကို သတင်းရယူရန် ပြည်တွင်း ပြည်ပသတင်းဌာန
၈ ခုမှ သတင်းသမား များသည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့ရှိ
သက္ကယ်ပြင် ကယ်ဆယ်ရေး စခန်းသို့ သွားရောက်၍ စခန်းအတွင်း နေထိုင်ကြသူများနှင့်တွေ့ဆုံကာ
ပြန်လည် နေရာချထားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေနှင့် လတ်တလော နေထိုင်စားသောက်မှု
အခြေအနေများကို မေးမြန်းသတင်းရယူကြသည်။
ယင်းနောက် မီဒီယာအဖွဲ့သည် သက္ကယ်ပြင်စခန်းအတွင်း
နေထိုင်၊ စားသောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု သတင်းရယူကြသည်။
သတင်းမီဒီယာအဖွဲ့တွင် Nippon TV ၊ TV
Asahi ၊ TBS ၊ MIR ၊ VOA ၊ Black Night ၊ MRTV နှင့် MNA သတင်းဌာနတို့မှ သတင်းသမားများ
ပါရှိသည်။
သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့
သွားရောက် သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၂၉ ကြိမ် ရှိပြီဖြစ်ပြီး
၂၀၁၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ
၆ ကြိမ်နှင့် ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ ရခိုင်ပြည်နယ် အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏
အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ခေါက်နှုန်းဖြင့် ၁၄ ကြိမ်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment