Tuesday, November 27, 2018

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဘက်စုံစိုက်ပျိုးရေးနှင့် ဆည်ရေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် ရေးဆွဲချမှတ် ခြင်း စီမံကိန်း လုပ်ငန်းညှိနှိုင်း ဆွေးနွေး


နေပြည်တော်၊ နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော် သည် ယနေ့ မွန်းလွဲ ၂ နာရီက ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ဘက်စုံစိုက်ပျိုးရေးနှင့် ဆည်ရေဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီအစဉ် ရေးဆွဲ ချမှတ်ခြင်း စီမံကိန်းတွင် KOICA ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် (EIAIDMP) စီမံကိန်းမန်နေဂျာMr. ROH Gyeong Tae နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီးယား ကျေးလက် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပူးပေါင်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဘက်စုံ စိုက်ပျိုးရေးနှင့် ဆည်ရေဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီအစဉ် ရေးဆွဲချမှတ်ခြင်း စီမံကိန်း(EIAIDMP) ဆောင်ရွက်ရန် ကိစ္စရပ်များ၊ စီမံကိန်း ဦးဆောင်ကော်မတီ(PSC)နှင့် ပူးတွဲညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ(JCC) ဖွဲ့စည်း ဆောင်ရွက်မှု အခြေ အနေများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်း၊ ရေစီမံခန့်ခွဲမှု၊ ဆည်ရေပေးသွင်းမှု၊ စိုက်ပျိုး ရေးထုတ်ကုန်များ ထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ ဖြန့်ဖြူးမှု တို့အတွက် ပြီးပြည့်စုံသည့် အစီအစဉ် ရေးဆွဲနိုင်ရန် စီမံကိန်း ဧရိယာများနှင့် လိုအပ်သည့် သတင်း အချက်အလက်များ ရရှိရေး စီမံကိန်းဆိုင်ရာ ပညာရှင်များ၏ ကွင်းဆင်း ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ အင်ဂျင်နီယာများ အရည်အသွေး မြှင့်တင်နိုင်ရေး လေ့ကျင့်သင်ကြား ပေးခြင်းနှင့် စီမံကိန်းဆောင်ရွက်ရန် လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment