Tuesday, November 27, 2018

ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာဂျပန် သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံ မတ်ကြီး H.E Mr. Ichiro Maruyama က ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးခန်းမ၌ လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ကူညီဆောင် ရွက်ပေးနေသည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက် ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံဘက်မှ ပြင်ဆင် ဆောင် ရွက်ထားရှိမှုများ၊ ဂျပန်နိုင်ငံအစိုးရမှ ဆက်လက် ပါဝင် ကူညီဆောင်ရွက်နိုင်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ တွေ့ဆုံဆွေးနွေး ခဲ့ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment