နေပြည်တော်
နိုဝင်ဘာ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း(ပခုက္ကူ)တွင် ဧည့်ကြိုသင်တန်း၊
အိပ်ခန်းဆောင် သင်တန်း၊ အစားအစာနှင့် အဖျော် ယမကာ ဝန်ဆောင်မှုသင်တန်းများ သင်တန်းအမှတ်စဉ်
(၂)ဆင်းပွဲ၊ သင်တန်းအမှတ်စဉ်(၃)ဖွင့်ပွဲနှင့်အခြေခံ အိမ်တွင်းသင်တန်း အမှတ်စဉ် (၃၉/၂၀၁၈)၊
အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၃၆/၂၀၁၈) ဖွင့်ပွဲအခမ်း အနား ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ မကွေး တိုင်းဒေသကြီး၊
လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ ဌာနဆိုင်ရာ အကြီး အကဲများ၊
ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်သင်တန်း ဆင်းသူများအား
အောင်လက် မှတ် ချီးမြှင့်သည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးကျောင်းဝန်းအတွင်းရှိ
စားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသအပါအဝင်
အလုပ်အကိုင်အခွင့် အလမ်း နည်းပါးသော ဒေသများမှ တိုင်းရင်းသား၊ တိုင်းရင်းသူများကို
အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးပြီး အလုပ် အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိရာ
ထပ်မံတိုးချဲ့ ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများမှ သင်တန်းဆင်း(၃၀၀)ဦး
တို့အား အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ယနေ့ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ
သင်တန်းများတွင် သင်တန်းသား/ သင်တန်းသူ(၇၅)ဦး၊ အခြေခံ စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၆၀)ဦး၊
အဆင့်မြင့် စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၄၀)ဦး စုစုပေါင်း သင်တန်း သား/ သင်တန်းသူ
(၁၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
(သတင်းစဉ်)
No comments:
Post a Comment