နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့်
ASEAN Confederation Women’s Organizations တို့ ပူးပေါင်း ကျင်းပသည့် Handing
Over Ceremony of 18th to the 19th ACWO Presidency အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ
ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး
ကော်မတီကို နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ နှင့်အညီ ပြင်ဆင်ဖွဲ့စည်းထားပြီး
မူဝါဒအသစ် များကို ချမှတ်ထားရှိပါကြောင်း၊ ပြန်လည် ဖွဲ့စည်းထားသော ကော်မတီတွင် ပြည်ထောင်စု
ဝန်ကြီးဌာနများ သာမက အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ
အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်
ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊
ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက်၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ ရင်ခွင်မဲ့ကလေးငယ်များ
လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့များက အမျိုးသမီး များနှင့် အမျိုးသမီးငယ်များ
ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှု ပပျောက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လှုပ်ရှားဆောင်ရွက်နေကြသကဲ့သို့
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ တွေ့ကြုံခံစားနေရသည့် အခက်အခဲ ပြဿနာများကို
ဝိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ဦးဆောင်မှုဖြင့်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း)၊ ပြည့်တန်ဆာဆိုင်ရာ
ဥပဒေ(မူကြမ်း) တို့ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထို့အပြင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃ - ၂၀၂၂) အပေါ် ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်
ဆောင်ရွက်မှု၊ ဖွံ့ဖြိုးမှုမိတ်ဘက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူမှုရေး
အဖွဲ့အစည်းများက ပြည်သူများ၏ လိုအပ်ချက်အပေါ် ပံ့ပိုးဆောင်ရွက်မှု တို့ကို ပြန်လည် သုံးသပ်ပြီး
လိုအပ်သည့် လမ်းညွှန်ချက်များ ချမှတ်ပေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အမျိုးသမီး
ရေးရာ ကော်မတီ၊ အာဆီယံအမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်
မြင့်တင်ရေး ကော်မရှင်တို့၏ လုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၀) ပါ လုပ်ငန်းများတွင်လည်း
တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီမှ
တာဝန်ရှိသူများနှင့် အာဆီယံမိတ်ဖက် အမျိုးသမီး အဖွဲ့အစည်းများ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment