နေပြည်တော် နိုဝင်ဘာ ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ
မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁၀၃) သစ်စက်၊ ရှင်းလင်းဆောင်၌ ကျင်းပသည့် မြန်မာ့ သစ်လုပ်ငန်း၊
သစ်ထုတ်ရေးဌာန၊ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေးသို့ တက်ရောက်၍ တိုင်းဒေသကြီး/ ပြည်နယ်သစ်ထုတ်ရေး
တာဝန်ခံများအားတွေ့ဆုံကာ အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက
၂၀၁၈-၁၉ သစ်ထုတ်ရာသီတွင် နှစ်စဉ် တောထွက် ပမာဏအောက် ကိုသာ လျှော့ချထုတ်လုပ်ရန်နှင့်
ပြည်တွင်းသစ် လိုအပ်ချက်၊ မြန်မာ့ သစ် လုပ်ငန်း၏ Operation Ratio နှင့် ကိုက်ညီမှုရှိစေရန်
သစ်ထုတ် လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝတောများမှ သစ်ထုတ်လုပ်မှုကို
တတ်နိုင်သမျှလျှော့ချ၍ စိုက်ခင်းသစ် ထုတ်လုပ်မှုကိုဆောင်ရွက်ရန်၊ သစ်ထုတ်လုပ်ရာ၌ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းစေ ရန်အတွက် နိုင်ငံတကာတွင် လက်ရှိကျင့်သုံး
ဆောင်ရွက်လျက် ရှိသည့် သစ်ထုတ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် စံနှုန်း များနှင့်အညီ
Reduce Impact Logging (RIL) နည်းစနစ်များ အတိုင်းကြီးကြပ် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊
မြန်မာ့ သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ် ပြီး သစ်ကွက်များ၌ တစ်ပင် ခုတ် သုံးပင်စိုက်စနစ်ဖြင့်
သဘာဝတောတန်ဖိုးမြှင့် စိုက်ခင်းတည် ထောင် ခြင်းနှင့် တစ်နိုင်တစ်ပိုင်ဝါးစိုက်ခင်းတည်ထောင်ခြင်းများကို
အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး စိုက်ခင်း များရှင်သန်မှုကောင်းစေရေး၊
ရေရှည်တည်တံ့စေရေးအတွက် စနစ် တကျ ထိန်းသိမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်စိုက်
ခင်းစိုက်ပျိုးခြင်းလုပ်ငန်း အားနည်းချက်၊ အားသာချက်များအား ခေတ်မီနည်းစနစ်၊ အတွေ့အကြုံ
များပေါင်းစပ်၍ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာ့သစ်လုပ်ငန်းအနေ
ဖြင့် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အပန်းဖြေစခန်းများကို တိုးချဲ့ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့်အတွက်
ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းတိုး တက်ကာ ပြည်သူလူထုပူးပေါင်း
ပါဝင်သည့် ခရီးသွား လုပ်ငန်းများ Community Based Tourism ကို ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ပါ
ကြာင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
စစ်ကိုင်းမင်းဝံ တောင်ရိုး၌ စိုက်ပျိုး ဆောင်ရွက်လျက် ရှိသည့် Golden Hook
Manufacturing Co., Ltd. ၏ နံသာဖြူ စိုက်ခင်းသို့ရောက်ရှိရာ စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာန
လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်စိုးက မင်းဝံတောင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့်
ပတ် သက်သည့် အချက်အလက်များ၊ ဘေးမဲ့တောအတွင်း သစ်တော ဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး
ဦးစီးဌာန တို့က စိုက်ခင်းတည်ထောင်ဆောင်ရွက်မှုနှင့် သဘာဝတော ကျန်ထိန်း သိမ်းစောင့်ရှောက်မှု၊
အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကင်းလှည့် စစ်ဆေး ဆောင်ရွက်မှု၊ မင်းဝံတောင်
တောရိုင်း တိရစ္ဆာန်ဘေး မဲ့ တော ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက်နေမှုများကို
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Golden Hook Manufacturing
Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးကျော်က မူလပေါက်ရောက် လျက်ရှိသည့် သဘာဝပေါက်ပင်များကို
လက်ခံပင် Host Plant အဖြစ်အသုံးပြု၍ သစ်တော သစ်ပင်ပျက်စီးမှုမရှိဘဲ သဘာဝပတ်ဝန်းကျင်
စိမ်းလန်း စိုပြည်ရေး အထောက်အကူပြုနိုင်သည့် နံသာဖြူပင် စိုက်ပျိုးဆောင် ရွက်မှု၊ လက်ရှိစိုက်ပျိုး
ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် ဆက်လက် စိုက်ပျိုးဆောင်ရွက်မည့်အစီအစဉ်၊ စိုက်ပျိုးဆောင်ရွက်မှု
နည်းစနစ် များ၊ တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု
ဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေး မှာကြားသည်။ ယင်းနောက် နံသာဖြူစိုက်ခင်း အတွင်း
အမှတ်တရ နံသာဖြူပင် အားစိုက်ပျိုးပေးခဲ့သည်။ ဆက်လက်၍ နံသာဖြူစိုက် ခင်းနှင့်
Golden Hook Manufacturing Co., Ltd.သည် ခေတ်မီ စက်ကိရိယာများအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်
နံသာဖြူပန်းပု ရုပ်များ ထုတ်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)
No comments:
Post a Comment