နေပြည်တော်
နိုဝင်ဘာ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဂတိလိုက်စားမှု
တိုက်ဖျက်ရေး ကော်မရှင်(Anti-Corruption Commission -ACC)နှင့် လာအိုနိုင်ငံ အစိုးရစစ်ဆေးရေးနှင့်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအာဏာ ပိုင်အဖွဲ့(State Inspection and Anti-Corruption
Authority- SIAA) တို့အကြား ၁၅-၁၁-၂၀၁၈ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ သည့် နားလည်မှု
စာချွန်လွှာ (MOU)အရ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့်
အတွေ့အကြုံ ဖလှယ်ရေးဆိုင်ရာ နှစ်နိုင်ငံ အစည်းအဝေးအား
နိုဝင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ
ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းဦး
ဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့ပါဝင်သော
အဖွဲ့တက်ရောက်ခဲ့ပြီး လာအိုနိုင်ငံ SIAA မှ ဒုတိယဥက္ကဋ္ဌ Mr. SinayMianglavanh ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့များတက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ACC နှင့်
လာအိုနိုင်ငံSIAA တို့မှ ဆောင်ရွက်လျှက်ရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်
တိုက်ဖျက်ရေးလုပ်ငန်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဥပဒေ မူဘောင်နှင့် အဖွဲ့အစည်း
ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊
ရှေ့ဆက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်
ဆွေးနွေးပြောကြားသည်။
အဆိုပါနေ့ညနေပိုင်းတွင် လာအိုနိုင်ငံ၏
ဒုတိယဝန်ကြီးချုပ်နှင့် SIAA ၏ ဥက္ကဋ္ဌ H.E.Dr.BounthangChitmany အား ဂါရဝပြုတွေ့ဆုံပြီး
အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့သည်။
ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း နှင့်အဖွဲ့သည်
နိုဝင်ဘာ၂၂ရက်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းသို့သွားရောက်၍ မြို့တော်ဝန် Mr.
VidongXayyasoneနှင့် တွေ့ဆုံပြီးပြည်နယ်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား
ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment