နေပြည်တော် နိုဝင်ဘာ ၂၂
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း
ကံ့ကော်ပန်းအ၀ိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် ပန်းလည်တိုင်
စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့
တက်ရောက် ကြည်ညို၍ ပန်းလည်တိုင်များ စိုက်ထူပူဇော် ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သြ၀ါဒါစရိယ
ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ
ဘဒ္ဒန္တ က၀ိသာရ အမှူးပြုသော စေတီတော် သြ၀ါဒါစရိယဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊
ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊
နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် သည် ဓမ္မာရုံတော်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား
မြသပိတ်ဆွမ်းတော်၊ သစ်သီး ပန်းမန်နှင့် သောက်တော်ရေချမ်းတို့ကို ကပ်လှူပူဇော် သည်။
ထို့နောက် အစီအစဉ်ပထမပိုင်းကို စတင်ကျင်းပရာ နိုင်ငံတော်သြ၀ါဒါစရိယ ဈေးကုန်း ကျောင်းတိုက် ဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး
ဒေါ်ခင်သက်ဌေး နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊
ပရိတ်ချည်၊ ပရိတ်သဲ များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များက သမန္တာမှစ၍
မေတ္တသုတ်တော်၊ ရတနာ သုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို ရွတ်ပွား
သရဇ္ဈာယ်တော်မူကြရာ ဧည့်ပရိသတ်များက နာယူကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊
ပရိတ်သဲများကို စေတီတော် ပရိဝုဏ်တွင် ပက်ဖြန်းကြဲဖြန့် ချည်နှောင်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး
ဒေါ်ချိုချိုတို့က နိုင်ငံတော် သြ၀ါဒါစရိယ ဈေးကုန်း ဆရာတော်ကြီးထံ ထာဝရငြိမ်းချမ်းရေးစေတီတော်
အထွတ်တွင် စိုက်ထူပူဇော်မည့် ပန်းလည်တိုင် အထက်အဆင့်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို
ဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တဇနိန္ဒထံ ထာဝရငြိမ်းချမ်းရေး စေတီတော်အထွတ်တွင် စိုက်ထူပူဇော်မည့် ပန်းလည်တိုင်
အလယ်အဆင့်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး
ဒေါ်ခင်သက်ဌေးတို့က တိုင်းသံဃ နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ တပ်ကုန်းမြို့ ရွှေအင်း
ရိပ်သာကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ပညာသာမိထံ ပန်းလည်တိုင် မူလအဆင့်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို
ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင် ဘုရား ဒါယကာ၊ ဒါယိကာမများက ဆရာတော် သံဃာတော်များထံ
လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သြ၀ါဒါစရိယ ဈေးကုန်းဆရာတော်ကြီးထံမှ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား
နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။
ထို့နောက် ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း
မဟာမင်္ဂလာအခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊၊
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး
ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ် များက ပန်းလည်တိုင် အထက်အဆင့်၊ အလယ် အဆင့်နှင့် မူလအဆင့်တို့ကို
ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည် ပူဇော်ပြီး ကုသိုလ်တော်မဏ္ဍပ်သို့ ပို့ဆောင်ပေးကြ
သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံတော်သမ္မတ၏ ဇနီး၊ ဒုတိယသမ္မတ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ၎င်းတို့ ၏ဇနီးများ၊
ဧည့်ပရိ သတ်များသည် စေတီတော်အထွတ်တွင် စိုက်ထူပူဇော်မည့် ပန်းလည်တိုင် မူလအဆင့်၊ အလယ်အဆင့်နှင့်
အထက်အဆင့်တို့ကို အမွှေးနံ့သာရည် ဖြင့် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ပူဇော်ပေးကြသည်။
မင်္ဂလာအချိန်တွင် ရွှေပါရမီတောရဆရာတော်
အရှင်ဆန္ဒာဓိက၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
အလှူရှင် ဘုရား ဒါယကာတို့က ပန်းလည်တိုင် မူလအဆင့်၊ အလယ်အဆင့်နှင့် အထက်အဆင့်တို့ကို
ရှေးထုံး ကျမ်းဂန်နှင့်အညီ စေတီတော်အထွတ်တွင် အစီအစဉ် အတိုင်း စိုက်ထူပူဇော်ကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်များက ဇယမင်္ဂလာ
အောင်ဂါထာ တော်များကို ရွတ်ဆိုပူဇော်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)











No comments:
Post a Comment