မန္တလေး နိုဝင်ဘာ ၂၂
မန္တလေးမြို့တွင် ရာသီအလိုက်ကျင်းပသည့်တန်ဆောင်တိုင်ပွဲတော်နှင့်အပြိုင်
ကိတ်မုန့်တစ်မျိုးတည်းဖြင့်သာ ကပ်လှူ ၍ကျင်းပသည့် ရွှေစောလူးဘုရားပွဲတော်နှင့် ကြာပန်း တစ်မျိုးတည်းဖြင့်သာ ကပ်လှူပူဇော်ကျင်းပသည့် ရှင်မာလဲ
ဘုရားပွဲတော် များကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါဘုရားပွဲတော်များအနက် အမရပူရမြို့နယ်၊မိကျောင်းတက်
ကျေးရွာတွင် သက္ကရာဇ် ၃၆၄ ခုနှစ်ကတည်းက တည်ထားကိုးကွယ်ခဲ့ သော ရွှေစောလူးဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို
နှစ်စဉ်တန်ဆောင် မုန်းလဆန်း ၁၄ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး အဆိုပါပွဲတော်တွင်
ဘုရားရှင်အား ရှေးအစဉ်လာမပျက် ကိတ်မုန့် တစ်မျိုးတည်းသာ ကပ်လှူပူဇော်၍ ကျင်းပကြောင်း
ပွဲတော်ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ကိုထူးချွန်ကပြောသည်။
“ဒီဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို
လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က စပြီး ကုန်းပွဲ ရေပွဲ နှစ်မျိုးနဲ့ ကျင်းပခဲ့ပါတယ်။ ပွဲတော်ရဲ့ထူးခြားချက်ကတော့
ကိတ်မုန့်တစ်မျိုးတည်းနဲ့သာ ကပ်လှူပူဇော်ပြီး ကိတ်မုန့်တွေမှာ အလှူရှင်ရဲ့ အမည်ကို
ရေုးထိုးပြီး ကုသိုလ်ပြု လှူဒါန်းကြပါတယ်။ ပိုပြီးထူးခြားတာကတော့ ကိတ်မုန့် ကပ်လှူထားတဲ့အချိန်မှာ
ပုရွက် ဆိတ်တက်တာ ယင်ကောင်နားတာ မတွေ့ရဘူး၊
ကုန်းပွဲဆိုတာက ကိတ်မုန့်ကပ်လှူတဲ့ ပွဲဖြစ်ပြီး ရေပွဲဆိုတာကတော့ ဆီမီး ၁၅၀၀ မီးမျှောပူဇော်ပွဲနဲ့
ဒုဌ၀တီ မြစ်အတွင်း ဖောင်တော်လှည့်လည်ခြင်းတွေအပြင် လှေလှော်ပြိုင်ပွဲတွေလည်း ပျော်ရွှင်စွာကျင်းပကြ
ပါတယ်” ဟု ၄င်းကပြောသည်။
ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့၌ မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၏ ဒုတိယ မဟာရံတံတိုင်း
မြောက်ဘက် တွင် မင်းရှင်စောလက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့သည့် ရှင်မာလဲစေတီ၏ ဘုရားပွဲတော်
ကိုလည်း ကြာပန်းတစ်မျိုး တည်းဖြင့်သာ ကပ်လှူပူဇော် ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
“ဒီဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၁၄ရက်ညနေပိုင်းကစပြီး
စေတီကို ကြာဖြူကြာနီကြာညို စတဲ့ ကြာပန်းအမျိုးမျိုးနဲ့ ကပ်လှူပူဇော်ကြပြီး လပြည့်နေ့အာရုံ
တက်မှာ ဃနာနို့ဆွမ်းနဲ့ ဆွမ်းလောင်းလှူ ကြပါတယ်။ ယုံကြည်ကိုးကွယ်မှုနဲ့ ကျင်းပတဲ့ ပွဲတော်ဖြစ်တဲ့အတွက်
သာသနာတော် တည်တံ့နေသရွေ့ ဆက်လက် ရှင်သန်နေမှာဖြစ်ပါ တယ်”ဟု
အဆိုပါဘုရားပွဲတော် ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
ရှင်မာလဲ ဘုရားပွဲတော်ကျင်းပသည့် အချိန်သည်
မဟာမုနိဘုရားကြီးအား တန်ဆောင် မုန်းလပြည့်နေ့ ကုသိုလ်အဖြစ် မသိုးသင်္ကန်းဆပ်ကပ်လှူဒါန်းသည့်
ပွဲတော် နှင့် တိုက်ဆိုင်နေခြင်းကြောင့် ပွဲတော်လာ ပြည်သူများဖြင့် အထူးစည်ကားလျက်
ရှိကြောင်းသိရသည်။
(သတင်းစဉ်)

No comments:
Post a Comment