Friday, November 23, 2018

(၂၃) ကြိမ်မြောက် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေရေးသို့ သွားရောက် ဖျော်ဖြေမည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ


 နေပြည်တော် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး စွမ်းဇာနည် ဦးဆောင်သည့် တပ်ဖွဲ့ဝင် အမျိုးသား (၃၅)ဦး၊ အမျိုးသမီး(၈)ဦး၊ စုစုပေါင်း(၄၃)ဦး ပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့သည် ထိုင်းနိုင်ငံတွင် နိုဝင်ဘာ (၂၄) ရက်မှ (၂၅)ရက်ထိ ကျင်းပမည့်
(၂၃)ကြိမ် မြောက် နိုင်ငံတကာ ရဲတီးဝိုင်းများ ဖျော်ဖြေရေး၌ ပါဝင်ဖျော်ဖြေနိုင်ရန် ယနေ့နံနက် (၇) နာရီခွဲတွင် မြန်မာ့လေကြောင်းဖြင့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူ များမှ လိုက်ပါ ပို့ဆောင်နှုတ် ဆက်ကြသည်။
အဆိုပါ နိုင်ငံတကာ ရဲတီးဝိုင်းများ ဖျော်ဖြေရေးအား မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ် (၂၂) ကြိမ်မြောက် ဖျော်ဖြေပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးယခု ၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ရာ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ရဲတီးဝိုင်းများ ပါဝင်ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment