နေပြည်တော် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်း
ဦးဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သေနတ်ပစ်အဖွဲ့သည် တရုတ်နိုင်ငံ၊
ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့သည့် THE 2 nd USIP WORLD POLICE SERVICE
PISTOL SHOOTING CHAMPIONSHIP (2018) သို့ သွားရောက် ယှဉ်ပြိုင်ရန်
နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကွမ်တုံ ပြည်နယ်၊ ကွမ်ကျိုးမြို့သို့
သွားရောက်ခဲ့သည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲသည် ကမ္ဘာအဆင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ ပစ်စတို သေနတ်ပစ်ပြိုင်ပွဲ ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီတွင် ကွမ်ကျိုးမြို့၊ ရဲလေ့ကျင့်ရေး ဗဟိုဌာန၊ သေနတ်ပစ် လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ တရုတ်ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Wang Xiaohong က ဖွင့်လှစ်ပေးခဲ့သည်။
သေနတ်ပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံနှင့် အိမ်ရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် USIP အဖွဲ့ဝင် (၄၂)နိုင်ငံ၊ အဖွဲ့ဝင် မဟုတ်သော ဖိတ်ခေါ်နိုင်ငံ (၂၇) နိုင်ငံ၊ စုစုပေါင်း (၆၉) နိုင်ငံမှ ရဲတပ်ဖွဲ့ဝင် သေနတ်ပစ် အားကစားသမား (၂၅၀) ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲအား နိုဝင်ဘာ ၁၄ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည်။
ပြိုင်ပွဲ၌ ပစ်စတို ပစ်ခတ်စဉ်(၁၀)မျိုး ပစ်ခတ်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သေနတ်ပစ် အဖွဲ့မှ အဖွဲ့ဝင်မဟုတ်သော နိုင်ငံဖိတ်ခေါ် နှစ်ယောက်တွဲ ပြိုင်ပွဲ၌ အဆင့်(၆)၊ တစ်ဦးချင်း ပြိုင်ပွဲ၌ အဆင့် (၉) ရရှိခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment