Friday, November 23, 2018

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာလ ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် အကောင်အထည် ဖော်လျက်ရှိသော ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ဘူတာများ အဆင့်မြှင့်တင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment