Tuesday, November 27, 2018

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပသည့် (၂၃)ကြိမ်မြောက် နိုင်ငံတကာရဲတီးဝိုင်း ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီး ဝိုင်းအဖွဲ့သွားရောက်ပါဝင်ဖျော်ဖြေ


နေပြည်တော်၊ နိုဝင်ဘာ ၂၆
အိမ်ရှင် ထိုင်းနိုင်ငံနှင့် မြန်မာ၊ စင်္ကာပူ၊ ဂျပန် လေးနိုင်ငံပါဝင်သော (၂၃)ကြိမ်မြောက် နိုင်ငံတကာ ရဲတီးဝိုင်း ဖျော်ဖြေမှု ( World Police Band Concert ) အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ Clock Tower Square of Asiatique The River Front ၌ပြည် သူ လူထုအတွင်း ဖျော်ဖြေကျင်းပခဲ့သည်။

နိုင်ငံတကာရဲတီးဝိုင်းနှင့် တေးသံစုံဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းသွားရောက် ဖျော်ဖြေရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောင်းလဲတိုးတက်လာမှုနှင့် စွမ်းဆောင် နိုင်မှုအားပြ သရန်၊ ထိုင်းနိုင်ငံ ပြည်သူလူထုနှင့် နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များ အကြားတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အနုပညာများအား အတူတကွ ပူးပေါင်းဖလှယ်ပြီး ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိရန်၊ မြန်မာနိုင်ငံပြည်သူလူထုနှင့် ထိုင်းနိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရင်းနှီးမှုများ ရရှိရန်ဖြစ်ပြီး နိုင်ငံတကာရဲတီးဝိုင်း ဖျော်ဖြေမှုများကို ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ စတင် ကျင်းပခဲ့ရာ (၂၂)ကြိမ်မြောက်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင်လည်းကောင်း၊ (၂၃)ကြိမ်မြောက်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
အလားတူ နိုင်ငံတကာရဲတီးဝိုင်းနှင့်တွဲဖက်၍ တေးသံစုံဖျော်ဖြေမှုကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပါဝင်ဖျော်ဖြေ ခဲ့ကြောင်း သတင်းရရှိပါသည်။

(ရဲပြန်ကြား)

No comments:

Post a Comment