Wednesday, November 28, 2018

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များနေရပ်စွန့်ခွာ သူများပြန်လည် လက်ခံရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီရန် ရောက်ရှိ



နေပြည်တော် နိုဝင်ဘာ ၂၇

စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပ ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံ မျက်နှာစုံညီထိပ်သီး အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ် စွန့်ခွာ သူများအား ပြန်လည် လက်ခံရေးလုပ်ငန်းများတွင်ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre မှ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ဆောင်ရွက် ပေးရန်နှင့် ပြန်လည် လက်ခံပေါင်းစည်းရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။


အဆိုပါဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ် ဒေါက်တာ စည်သူဖေသိန်းနှင့်Ms. Annisa Nurul Wahidah ၊ AHA Centre မှ ကိုယ်စားလှယ် Mr. Arnel Capili နှင့် Mr. Janggam Adhityawarma တို့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် ရောက်ရှိခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကို တွေ့ဆုံခဲ့ကြသည်။

ဆက်လက်၍ နိုဝင်ဘာ ၂၃၊ ၂၄ နှင့် ၂၆ ရက်တို့တွင် ဘာသာရပ် ဆိုင်ရာ အရာထမ်း များနှင့် အကြိုလုပ်ငန်း ညှိနှိုင်းဆွေးနွေးမှုများကို ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦး စီးဌာန၌ ဆောင်ရွက်ခဲ့ရာ ပြန်လည်လက်ခံရေး လုပ်ငန်းများစတင်ချိန်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ AHA Centre မှ ကိုယ်စားလှယ်များပါ
ဝင်သောအဖွဲ့သည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် လာရောက် ကြည့် ရှုလေ့လာပြီး လိုအပ်သော ပူးပေါင်း ကူညီမှုများ ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်မှုများ ပြုလုပ်ဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်နှစ်ဦးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ပြန်လည်လက်ခံရေးစခန်းများသို့ နိုဝင်ဘာ ၂၇ ရက်မှ ၃ဝ ရက်အထိက ကနဦးသွားရောက် လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment