Wednesday, November 28, 2018

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲ ပိတ်ပွဲ တက်ရောက်



နေပြည်တော် နိုဝင်ဘာ ၂၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မလေးရှားနိုင်ငံ မလက္ကာမြို့ရှိ Terendak Camp ၌ ပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (28th ASEAN Armies Rifle Meet- AARM 28th) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံ များမှ ကြည်းတပ်ဦးစီး ချုပ်များနှင့်အတူ တက်ရောက် သည်။


ယှဉ်ပြိုင်ပစ်ခတ်မှု ကြည့်ရှုအားပေး

ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အာဆီယံနိုင်ငံ များမှ ကြည်းတပ် ဦးစီးချုပ် များသည် ရိုင်ဖယ်ပစ်ခတ်စဉ် ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်မှုအဖြစ် အုပ်(အေ)မှ ပထမရရှိသော ထိုင်းနိုင်ငံကိုယ်စားပြုသေနတ်ပစ် အသင်းနှင့် အုပ်စု(ဘီ)မှ ဒုတိယရရှိသော ထိုင်းနိုင်ငံကိုယ်စားပြု သေနတ်ပစ်အသင်းတို့ ယှဉ်ပြိုင်ပစ်ခတ်မှု များအား ကြည့်ရှု အားပေး ကြသည်။

ထို့နောက် Noventy shoot ပစ်ခတ်စဉ်၌ အာဆီယံတပ်မတော်များမှ ကြည်းတပ် ဦးစီးချုပ်များ၊ အဖွဲ့ဝင်အရာရှိကြီးများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

အထိမ်းအမှတ်အလံအား လွှဲပြောင်းပေးအပ်

ယင်းနောက် သေနတ်ပစ်ပြိုင်ပွဲဆုပေးပွဲကို ဆက်လက်ကျင်းပရာ မလေးရှား ကြည်းတပ် ဦးစီးချုပ်က တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခြင်း၊ ပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားခြင်းနှင့် ၂ဝ၁၉ခုနှစ်တွင် (၂၉)ကြိမ် မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှား တပ်မတော်ကြည်း တပ်ဦးစီးချုပ်ထံသို့ AARM အထိမ်းအမှတ်အလံအား လွှဲပြောင်းပေးအပ်ရာ အင်ဒိုနီးရှားတပ်မတော်ကြည်းတပ် ဦးစီးချုပ်က လက်ခံရယူပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းများ ဆောင်ရွက်သည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အာဆီယံ သေနတ်ပစ် ပြိုင်ပွဲ၌ မြန်မာ့တပ်မတော်ကိုယ်စားပြု သေနတ်ပစ်အသင်းမှ ဆုတံဆိပ်ရရှိသည့် အဖွဲ့နှင့် သေနတ်ပစ် အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

ပြိုင်ပွဲဝင် ၁ဝ နိုင်ငံအနက် အဆင့် ၄ ရရှိ

ယခုနှစ် (၂၈)ကြိမ်မြောက် အာဆီယံ သေနတ်ပစ်ပြိုင်ပွဲ၌ မြန်မာ့တပ်မတော် ကိုယ်စားပြုသေ နတ် ပစ်အသင်းအနေဖြင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁ဝ နိုင်ငံအနက် အဆင့် ၄ ရရှိခဲ့သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုဝင်ဘာ ၂၆ ရက် ညပိုင်းက မလေးရှားနိုင်ငံ မလက္ကာမြို့ Casa del Rio ဟိုတယ် KD Hang Tuah Ballroom ၌ မလေးရှားတပ်မတော် ကြည်းတပ် ဦးစီးချုပ်နှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် (၁၉)ကြိမ်မြောက် အာဆီယံကြည်း တပ် ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Chiefs of Army Multilateral Meeting- ACAMM 19th)ပိတ်ပွဲ ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့် အတူ တက်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

သတင်းစဉ်

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment