နေပြည်တော် စက်တင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသည် အမေရိကန်
ပြည်ထောင်စုအခြေစိုက် Nathan Associates မှ Vice President ဖြစ်သူ
Ms.Jaleen Moroney နှင့် Chief of Party ဖြစ်သူ Mr.Steve Parker တို့အား
ယနေ့နံနက်(၉)နာရီ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒများ ရေးဆွဲအကောင် အထည်ဖော်ရာတွင် ပိုမိုထိရောက်မှုရှိစေမည့် စီးပွားရေးဆိုင်ရာ သတင်းများ ထောက်ပံ့ ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုကိစ္စ၊ စီးပွားရေးသတင်းများအား တိကျမှန်ကန်စွာ ဖော်ပြနိုင်ရန် အခြေခံကျသည့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment