နေပြည်တော် စက်တင်ဘာ ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် တာဝန်ပြီးဆုံး၍
ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H . E .
Mr . Jukr Boon - Long အား ယနေ့ နံနက်၉ နာရီခွဲတွင် နေပြည်တော်ရှိ
ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံ
တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား လမ်း ၊ တံတား ၊ အိမ်ရာ တည်ဆောက်ရေးကဏ္ဍများတွင် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ဆောင်ရွက်နိုင်ရေး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ပူးပေါင်းဖွင့်လှစ်ရေး ၊ အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံလမ်းမကြီး အမြန်ဆုံးပြီးမြောက် အကောင်အထည် ဖော်နိုင် ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment