ရန်ကုန်၊ စက်တင်ဘာ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတဦးမြင့်ဆွေသည် ယနေ့ နံနက်
၁၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းလမ်းရှိ
ဗီယက်နမ်နိုင်ငံ သံရုံးသို့ သွားရောက်၍ ဗီယက်နမ်ဆိုရှယ်လစ်
သမ္မတနိုင်ငံသမ္မတ၊ ပေါ်လစ်ဗျူရိုအမြဲ တမ်းကော်မတီအဖွဲ့ဝင် မစ္စတာ
ကျန်ဒိုက်ကွမ်း ကွယ်လွန်ခြင်း အတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတွင်
လက်မှတ်ရေးထိုးသည်။
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ၊ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင် မစ္စတာ ကျန်ဒိုက်ကွမ်း သည် ပြင်းထန်သည့် အဖျားဒဏ်ကြောင့် ဟနွိုင်း ဆေးရုံတွင် စက်တင်ဘာ ၂၁ ရက်ကကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။
သမ္မတ မစ္စတာ ကျန်ဒိုက်ကွမ်း ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် နိုင်ငံသံရုံးတွင် စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များတွင် ပူဆွေးသော ကာလအဖြစ် သတ်မှတ်ထားပြီး ၀မ်းနည်းကြောင်း မှတ်တမ်း လက်မှတ်ရေးထိုး လိုသူများအတွက် မှတ်တမ်း ဖွင့်လှစ်ထားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)
photos : Myanmar President Office

No comments:
Post a Comment