Friday, September 28, 2018

FAO မှ နည်းပညာအကူအညီပေးမည့်လုပ်ငန်းများ စတင်ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး


 
နေပြည်တော် စက်တင်ဘာ ၂၇

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့FAO မှ နည်းပညာ အကူ အညီပေးမည့်လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က နေပြည်တော် Park Royal Hotel ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက် သည်။


၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် ရာသီဥတုနှင့် လိုက် လျောညီထွေဖြစ်စေမည့် စိုက်ပျိုး စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုး ကွင်းဆက်များ စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့မှ နည်းပညာအကူအညီ ပေးမည့်လုပ်ငန်းများ စတင်အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် သဘောတူညီချက် တစ်ရပ်ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းဦး နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan တို့က လက်မှတ်ရေးထိုးကြသည်။

ယခု လက်မှတ်ရေးထိုးကြသည့် စီမံကိန်းမှာ ''စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေး လက်ဒေသများတွင် ဆင်းရဲမှုနှင့် ကြုံတွေ့နေရခြင်း၊ စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကို လျော့နည်းစေရန်'' မျှော်မှန်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီးစီမံကိန်းသည် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ မဟာဗျူဟာအကောင် အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်း များနှင့် လက်ရှိ ရေးဆွဲနေသော အာဟာရပြည့်ဝ စေရေးအတွက် အမျိုး သားရေးဆိုင်ရာ ကဏ္ဍစုံလုပ်ငန်းစဉ် ပြီးမြောက် စေရေးတို့အတွက်လည်း အထောက်အကူ ပြုမည်ဖြစ်သည်။ စီမံ ကိန်း၏ အဓိက လုပ်ငန်းရပ်များဖြစ် သော စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ ဖြန့်ဖြူးပေးခြင်း၊ အိမ်ထောင်စုများ၏ အာဟာရ တိုးတက် ကောင်းမွန်စေရေးကို ဆောင် ရွက်ပေးခြင်း၊ လယ်ယာပြင်ပလုပ်ငန်း များ ပိုမိုတိုးလာစေခြင်းနှင့် စောင့်ကြည့် လေ့လာ အကဲဖြတ်နိုင်မှုအတွက် စွမ်းဆောင်ရည် တိုးတက်လာစေခြင်း တို့ဖြင့် စီမံကိန်း ဧရိယာဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဇုန် ဧရိယာတွင် စားနပ်ရိက္ခာနှင့် အာဟာရ ပြည့်ဝစေရေးကို အကျိုးပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment