မြစ်ကြီးနား စက်တင်ဘာ ၂၆
ကချင်ပြည်နယ် ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KSCCI) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့အကြား စီးပွားရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်
ရေး ပူးပေါင်း၍ရှေးရှုဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ
၂၅ ရက်က မြစ်ကြီးနားမြို့ CARTEL HOTEL ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာခက်အောင်က ယခုလို မန္တလေးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက
မိမိတို့ ကချင်ပြည်နယ်အသင်းနှင့် လာရောက်ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
လက်တွဲခေါ်ဆောင်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာ ကျေးဇူးတင်ကြောင်း၊ မိမိတို့နိုင်ငံ၊
မိမိတို့ပြည်နယ် မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရှင်များစုဖွဲ့ပါဝင်သည့် ယခုအသင်းများက
ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏လူမှုရေး၊ စီးပွားရေးကဏ္ဍနှင့်
ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအသင်းနှင့်
MoU ရေးထိုးပြီးနောက် လုပ်ငန်းများလျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်
သွားကြရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း မှာကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်ကျော်က တိုင်းဒေသကြီးအသင်း၏လုပ်ငန်းစဉ်များနှင့်
ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၊ ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်း အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်
အခြေအနေများနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးပေါ်ဦးက
ပြည်နယ်အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြ သည်။
ထို့နောက် နှစ်ဖက်အသင်းများအကြား
စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရှေး ရှုဆောင်ရွက်ရန်နှင့် ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်စေရန်အတွက်
အခြေခံကျသော ပုဂ္ဂလိကကဏ္ဍကို အထောက်အကူပြုစေရန်၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်
ကြရန်စသည့်ရည်ရွယ်ချက်များဖြင့် နားလည်မှုစာချွန်လွှာ (MoU) ကို တိုင်းဒေသကြီးအသင်း ဒုတိယ
ဥက္ကဋ္ဌနှင့် ပြည်နယ်အသင်းဥက္ကဋ္ဌတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး လဲလှယ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့
ပြည်နယ်ဝန်ကြီးချုပ်၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး၊
လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးတို့နှင့်အတူ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအသင်းဝင်များ၊
ဆက်စပ်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:
Post a Comment