နေပြည်တော် စက်တင်ဘာ ၂၆
မြန်မာနိုင်ငံ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး
H.E. Mr. Wouter Jurgens နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ
လုပ်ငန်းဆောင်ရွက်ချက်များ၊ အစိုးရ ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်း
များနှင့် လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်း ကောင်း ပူးပေါင်းဆောင်ရွက်နေသည့်
အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး
ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့်ဒေါ်မြတ်မြတ် စိုးတို့
တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment