Thursday, September 27, 2018

(၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ အစီအစဉ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နယူးယောက် စက်တင်ဘာ ၂၆
(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမ နေ့အစီအစဉ်ကို စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၏ အထွေထွေညီလာခံ ခန်းမ၌ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်လင်းတို့နှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲနှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်နှင့် (၇၃) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ မစ္စ မာရီယာ ဖာနန်ဒါ အက်စ် ပင်နိုဆာ ဂါဆက်တို့ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ညီလာခံ သဘာပတိတို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြ ပြီး အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အမေရိကန် ပြည်ထောင်စုသမ္မတ မစ္စတာ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သမ္မတများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့သည်။
အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၂၈ ရက်တွင် အထွေထွေ မူဝါဒရေးရာမိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

No comments:

Post a Comment