နယူးယောက် စက်တင်ဘာ ၂၆
(၇၃) ကြိမ်မြောက်
ကုလသမဂ္ဂ အထွေ ထွေညီလာခံတက်ရောက်ရန် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ရောက်ရှိနေသည့်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည်
စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ကုလသမဂ္ဂဌာနချုပ်ရှိ
Trusteeship Council ခန်းမ၌ ကျင်းပသော High-Level Meeting on Action for Peacekeepingသို့
တက်ရောက်သည်။
အဆိုပါ အစည်းအဝေးတွင်
မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၄၅ နိုင်ငံက Declaration of
Shared Commitments on Peacekeeping Operations ကို ထောက်ခံအတည်ပြုခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည်
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လိင်အကြမ်းဖက်မှုဆိုင်ရာ
အထူးကိုယ်စားလှယ် Ms. Pramila Pattern နှင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း
သိရှိရသည်။
သတင်းစဉ်
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

No comments:
Post a Comment