Friday, September 28, 2018

သရက်မြို့တွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်


 
သရက် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ဧရာဝတီမြစ် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ(၂၆) နံနက်(၈)နာရီက ဧရာဝတီမြစ်ကမ်းနား ဇက်ဆိပ်တွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းကိုကိုထွန်းက ငါးမြစ်ချင်းနှင့် ထိုင်းငါးခုန်းမကောင်ရေ (၃)သိန်းအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းထံ ပေးအပ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသို့ ပေးအပ်၍လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး က မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ လည်းကောင်း ပေးအပ်ခဲ့သည်။

ထို့နောက် ငါးမြစ်ချင်းနှင့် ထိုင်းငါးခုံးမကောင်ရေ (၃)သိန်းအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အတူ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့် ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)

No comments:

Post a Comment